၂၀၁၉ ခုနှစ်၊ (၅၆) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲ ပဉ္စမမြောက်နေ့ ဆက်လက်ကျင်းပ ကျောက်စိမ်းအတွဲ များ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ

၂၀၁၉ ခုနှစ်၊ (၅၆) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမမြောက်နေ့ကို  နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမ တွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်းရတနာ ကုန်သည် (၁၂၂၃) ဦး၊ ပြည်ပရတနာကုန်သည် (၂၆၉၈) ဦး၊ စုစုပေါင်းရတနာ ကုန်သည် (၃၉၁၂) ဦး တက်ရောက်ခဲ့ကြပါသည်။

ကျောက်စိမ်းအတွဲအမှတ် (၁) မှ (၁၂၀၀) ထိ ကျောက်စိမ်းအတွဲပေါင်း (၁၂၀၀) ကို အိတ်ဖွင့် တင်ဒါ စနစ်ဖြင့် ရောင်းချခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း (၁၀၅၀) တွဲကို တန်ဖိုးယူရို (၄၆.၅၀၅) သန်းဖြင့် ရောင်းချခဲ့ရပါသည်။