၂၀၁၉ ခုနှစ်၊ (၅၆) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲ တတိယမြောက်နေ့ ဆက်လက်ကျင်းပ

၂၀၁၉ ခုနှစ်၊ (၅၆) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယမြောက်နေ့ကို  နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမ တွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်းရတနာကုန်သည် (၁၂၂၈) ဦး၊ ပြည်ပရတနာကုန်သည် (၂၇၀၆) ဦး၊ စုစုပေါင်းရတနာ ကုန်သည် (၃၉၃၄) ဦး တက်ရောက်ခဲ့ကြပါသည်။

ယနေ့တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုလဲအတွဲပေါင်း (၉၂) တွဲကို ရောင်းချခဲ့ရာ အတွဲပေါင်း (၉၁) တွဲကို တန်ဖိုးယူရို (၀.၄၈၉) သန်းဖြင့် ရောင်းချခဲ့ရပါသည်။

၁၄.၃.၂၀၁၉ ရက်နေ့တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့် ကျောက်မျက်အတွဲအမှတ် (၁) မှ (၅၀၀) ထိကို ရတနာကုန်သည်များက စိတ်ကြိုက်စစ်ဆေးခဲ့ကြပြီး သက်ဆိုင်ရာ တင်ဒါပုံးများ အတွင်းသို့ စျေးနှုန်းပေးသွင်းလွှာများ ထည့်သွင်းခဲ့ကြပါသည်။