ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ၂၀၁၉ ခုနှစ်၊ (၅၆) ကြိမ် မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပပြုလုပ် မည့် မဏိရတနာ ကျောက်စိမ်းခန်းမဝင်းအတွင်း ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး

မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ နာယက၊ သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်မည့် ၂၀၁၉ ခုနှစ်၊ (၅၆) ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး မဏိရတနာ ကျောက်စိမ်းခန်းမဝင်းအတွင်း ကြို တင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ၉.၃.၂၀၁၉ ရက်နေ့ (၁၁း၃၀) နာရီတွင် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် ရတနာပြပွဲ ကျင်းပပြုလုပ်မည့် မဏိရတနာ ကျောက်စိမ်းခန်းမဝင်း အတွင်း ကျောက်မျက်ရတနာများ ခင်းကျင်းပြသရောင်းချရန် စီစဉ်ထားရှိမှုကို လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ပြီး ခန်းမဧည့်ခန်းမဆောင်၌ ပြပွဲဗဟိုကော်မတီ ဥက္ကဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ ပြပွဲဗဟို ကော်မတီဝင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် (သတ္တုရေးရာ) ဦးမင်းမင်းဦး၊ ပြပွဲဗဟိုကော်မတီ အတွင်းရေးမှူး မြန်မာ့ ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းနှင့် ပြပွဲဗဟိုကော်မတီဝင်များ၊ လုပ်ငန်းကော်မတီအသီးသီးနှင့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ် ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင်ပြင်ဆင် ဆောင် ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။

(၅၆) ကြိမ်မြောက်၊ မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရတနာပြပွဲတွင် ပုလဲအတွဲပေါင်း (၂၇၄) တွဲ၊ ကျောက်မျက်အတွဲပေါင်း (၅၀၀) တွဲ၊ ကျောက်စိမ်းအတွဲပေါင်း (၆၉၇၄) တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည်ဖြစ်ပါသည်။