တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရေအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. E Jingping ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့မြန်မာ့ကျောက်မျက်ရတနာပြတိုက်(နေပြည်တော်)သို့ လာရောက်လေ့လာ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရေအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီး H. E. Mr. E Jingping ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်)သို့ (၅.၁၁.၂၀၁၉)ရက်၊ အင်္ဂါနေ့ (၁၄:၀၀)နာရီ အချိန်မှ (၁၅:၂၀)နာရီ အချိန်ထိ လာရောက်လေ့လာခဲ့ပါသည်။

ဧည့်သည်တော်အဖွဲ့ဝင်များသည် ပြခန်းမဆောင်အတွင်း ခင်းကျင်းပြသထားသည့်ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲ၊ ငွေထည်နှင့် သယံဇာတပစ္စည်းများ ပြကွက်တို့ကို မြန်မာ့ကျောက်မျက်ရတနာပြတိုက်(နေပြည်တော်)မှ တာဝန်ရှိသူများက ကြိုဆိုရှင်းလင်းပြသခဲ့ပါသည်။ ဧည့်သည်တော် အဖွဲ့ဝင်များသည် ရတနာဈေး၊ ရေတံခွန်ပြကွက်နှင့် ဆင်ရေပန်းတို့ကို ကြည့်ရှုလေ့လာခဲ့ပါသည်။

ဓာတ်ပုံ – မြန်မာ့ကျောက်မျက်
ဓာတ်ပုံ – မြန်မာ့ကျောက်မျက်
ဓာတ်ပုံ – မြန်မာ့ကျောက်မျက်
ဓာတ်ပုံ – မြန်မာ့ကျောက်မျက်
ဓာတ်ပုံ – မြန်မာ့ကျောက်မျက်