ဗဟိုဘဏ်မှ ထုတ်ဝေရောင်းချမည့် စံချိန်မီ ငါးမူးသား ရွှေဒင်္ဂါးပုံစံသစ်များကို မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း အထူးရွှေအရောင်းဆိုင်များတွင် ဝယ်ယူနိုင်

မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၏ အောက်ပါအထူးရွှေအရောင်းဆိုင်များတွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ပထမရက်သတ္တပတ်မှစတင်၍ ဝယ်ယူနိုင်ပါသည် –

မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) ရာဇသင်္ဂဟလမ်း၊ သပြေကုန်းအဝိုင်းအနီး၊ နေပြည်တော်။

မြန်မာ့ကျောက်မျက်ရတနာပြတိုက် (ရန်ကုန်) အမှတ်-၆၈ ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

ကျောက်မျက်တူးဖော်ရေးဌာန (မန္တလေး) အကွက် (၄၁၄) ၃၅ လမ်းနှင့် ၆၄ လမ်းထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

ဓာတ်ပုံ – ပြန်ကြားရေးဝန်ကြီးဌာန