မြန်မာနိုင်ငံလုံးဆိုင်ရာ ကမ္ဘာမြေသိပ္ပံကွန်ဖရင့် (တတိယအကြိမ်) (The Third Myanmar National Conference on Earth Sciences- MNCES, 2019) သို့ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ ဝန်ထမ်း(၂)ဦး တက်ရောက်၍ စာတမ်းများ ဖတ်ကြား

မြန်မာနိုင်ငံလုံးဆိုင်ရာကမ္ဘာမြေသိပ္ပံကွန်ဖရင့်(တတိယအကြိမ်) (The Third Myanmar National Conference on Earth Sciences- MNCES, 2019) ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက် နေ့နှင့် ၈ ရက်နေ့တို့တွင် မန္တလေးမြို့၊ ရတနာပုံတက္ကသိုလ်၌ ကျင်းပပြုလုပ်ခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ မန်နေဂျာ ဒေါ်မေတင်ဇော်ဝင်းနှင့် လက်မှုကျွမ်းကျင် – ၁ (ကျောက်ရွေး) ဒေါ်ဖြူဖြူဝင်းတို့ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါကွန်ဖရင့်တွင် မန်နေဂျာ ဒေါ်မေတင်ဇော်ဝင်းက Rare and Collector’s Gemstones of Mogok Gemstone Tract စာတမ်းကို လည်းကောင်း၊ လက်မှုကျွမ်းကျင် – ၁ (ကျောက်ရွေး) ဒေါ်ဖြူဖြူဝင်းက Chemical Fingerprint of Man Sin Spinel, Mogok, Myanmar စာတမ်းကိုလည်းကောင်း အသီးသီးဖတ်ကြားခဲ့ကြပါသည်။

ဓာတ်ပုံ – မြန်မာ့ကျောက်မျက်
ဓာတ်ပုံ – မြန်မာ့ကျောက်မျက်
ဓာတ်ပုံ – မြန်မာ့ကျောက်မျက်
ဓာတ်ပုံ – မြန်မာ့ကျောက်မျက်