Inter – Sectoral Dialogue Forum on Public Service Motivation to Support the Realisations of ASEAN Community Vision 2025 and Sustainable Development Goals ဖိုရမ်သို့ တက်ရောက်လာကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်)သို့ လာရောက်လေ့လာ

Inter – Sectoral Dialogue Forum on Public Service Motivation to Support the Realisations of ASEAN Community Vision 2025 and Sustainable Development Goals ဖိုရမ်သို့ တက်ရောက်လာကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များသည် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်)သို့ (၂၀.၁၁.၂၀၁၉)ရက်၊ ဗုဒ္ဓဟူးနေ့ (၁၀:၄၅)နာရီအချိန်မှ (၁၁:၅၅)နာရီအချိန်ထိ လာရောက်လေ့လာခဲ့ပါသည်။

ဧည့်သည်တော်အဖွဲ့ဝင်များသည် ပြခန်းမဆောင်အတွင်း ခင်းကျင်းပြသထားသည့်ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲ၊ ငွေထည်နှင့် သယံဇာတပစ္စည်းများ ပြကွက်တို့ကို မြန်မာ့ကျောက်မျက်ရတနာပြတိုက်(နေပြည်တော်)မှ တာဝန်ရှိသူများက ကြိုဆိုရှင်းလင်းပြသခဲ့ပါသည်။ ဧည့်သည်တော် အဖွဲ့ဝင်များသည် ရတနာဈေး၊ ရေတံခွန်ပြကွက်နှင့် ဆင်ရေပန်းတို့ကို ကြည့်ရှုလေ့လာခဲ့ပါသည်။

ဓာတ်ပုံ – မြန်မာ့ကျောက်မျက်
ဓာတ်ပုံ – မြန်မာ့ကျောက်မျက်
ဓာတ်ပုံ – မြန်မာ့ကျောက်မျက်
ဓာတ်ပုံ – မြန်မာ့ကျောက်မျက်
ဓာတ်ပုံ – မြန်မာ့ကျောက်မျက်