၂၀၂၀ ခုနှစ်၊ နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းက ကြက်သားပလာတာများဖြင့် တည်ခင်းဧည့်ခံ

မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၏ ၂၀၂၀ ခုနှစ်၊ နှစ်သစ်ကူးအထိမ်း အမှတ် ကြက်သားပလာတာများဖြင့် တည်ခင်းဧည့်ခံပွဲကို ၃၀.၁၂.၂၀၁၉ ရက်နေ့ (၀၉:၃၀) နာရီတွင် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း (ရုံးချုပ်) နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး (ငြိမ်း) ဦးအောင်ညွန့်သိန်း၊ ခေတ္တဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူ၊ အထွေထွေမန်နေဂျာ ဦးသက်ခိုင်နှင့် ဒုတိယအထွေထွေမန်နေဂျာများ၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ ဝန်ထမ်းများနှင့် မိသားစုများ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ဝန်ကြီးဌာနအောက်ရှိ ဦးစီး/လုပ်ငန်း ဌာနများမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

ဓာတ်ပုံ – မြန်မာ့ကျောက်မျက်
ဓာတ်ပုံ – မြန်မာ့ကျောက်မျက်
ဓာတ်ပုံ – မြန်မာ့ကျောက်မျက်
ဓာတ်ပုံ – မြန်မာ့ကျောက်မျက်