၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲသို့ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ နာယက၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ကြည့်ရှုအားပေး

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီက ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ ကျောက်မျက်တွဲများနှင့် ကျောက်စိမ်းတွဲ များ စတင်ခင်းကျင်းပြသရောင်းချခြင်းကို ၂.၁.၂၀၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ယနေ့ (၁၁:၃၀) နာရီတွင် ရောင်းချပွဲသို့ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ နာယက၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက် ကြည့်ရှုအားပေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီဥက္ကဋ္ဌ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ အမျိုးသား လွှတ်တော်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးကျော်သီဟ၊ အမြဲတမ်းအတွင်းဝန် (သတ္တုရေးရာ) ဦးမင်းမင်းဦး၊ ပြပွဲဗဟိုကော်မတီဝင်များ၊ မြန်မာနိုင်ငံကျောက် မျက်ရတနာ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ပြပွဲဆိုင်ရာ လုပ်ငန်းကော်မတီအသီးသီး မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးသည် ကျောက်ခင်းကွင်းနယ်မြေများရှိ ကျောက်စိမ်းတွဲများ ခင်းကျင်း ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီအတွင်းရေးမှူး မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ခေတ္တဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြပါသည်။

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို ဇန်နဝါရီလ (၂) ရက်နေ့မှ (၇) ရက်နေ့အထိ နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကျောက်မျက်တွဲ (၂၈၆) တွဲကို ၄.၁.၂၀၂၀ ရက်နေ့တွင်လည်းကောင်း၊ ကျောက်စိမ်းတွဲ (၃၆၉၅) တွဲကို ၅.၁.၂၀၂၀ ရက်နေ့မှ ၇.၁.၂၀၂၀ ရက်နေ့အထိလည်းကောင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ပါသည်။

ဓာတ်ပုံ – မြန်မာ့ကျောက်မျက်
ဓာတ်ပုံ – မြန်မာ့ကျောက်မျက်
ဓာတ်ပုံ – မြန်မာ့ကျောက်မျက်