၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ တတိယမြောက်နေ့ ဆက်လက်ကျင်းပ ကျောက်မျက်အတွဲများ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ တတိယမြောက်နေ့ကို ၄.၁.၂၀၂၀ ရက်နေ့တွင် နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ပါသည်။

ယနေ့တွင် ကျောက်မျက်အတွဲ (၂၈၆)တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ရောင်းချခဲ့ရာ (၉)တွဲကို မြန်မာငွေကျပ် (၃၆.၉၁၈)သန်းဖြင့် ရောင်းချခဲ့ရပါသည်။ ၅.၁.၂၀၂၀ ရက်နေ့တွင် အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချမည့် ကျောက်စိမ်းတွဲအမှတ် (၁) မှ (၁၂၅၀) ထိကို ရတနာကုန်သည်များက စိတ်ကြိုက်စစ်ဆေးခဲ့ကြပြီး သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ဈေးနှုန်းပေးသွင်းလွှာများကို စနစ်တကျ ထည့်သွင်းခဲ့ကြပါသည်။

ဓာတ်ပုံ – မြန်မာ့ကျောက်မျက်
ဓာတ်ပုံ – မြန်မာ့ကျောက်မျက်
ဓာတ်ပုံ – မြန်မာ့ကျောက်မျက်
ဓာတ်ပုံ – မြန်မာ့ကျောက်မျက်