၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ ပဉ္စမမြောက်နေ့ ဆက်လက်ကျင်းပ

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ ပဉ္စမမြောက်နေ့ကို ၆.၁.၂၀၂၀ ရက်နေ့တွင် နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပ ပြုလုပ်ခဲ့ပါသည်။

၆.၁.၂၀၂၀ ရက်နေ့တွင် ကျောက်စိမ်းတွဲအမှတ် (၁၂၅၁) မှ (၂၅၀၀)ထိ အတွဲပေါင်း (၁၂၅၀)တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ အတွဲပေါင်း (၁၁၅၈) တွဲကို တန်ဖိုးငွေကျပ် (၂၃၅၆၁.၄၀၃) သန်းဖြင့် ရောင်းချ ခဲ့ရပါသည်။

၇.၁.၂၀၂၀ ရက်နေ့တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့် ကျောက်စိမ်းတွဲအမှတ် (၂၅၀၁) မှ (၃၆၉၅) ထိ အတွဲပေါင်း (၁၁၉၅)တွဲကို ရတနာကုန်သည်များက စိတ်ကြိုက်စစ်ဆေးခဲ့ကြပြီး သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ဈေးနှုန်းပေးသွင်းလွှာများကို စနစ်တကျ ထည့်သွင်းခဲ့ကြပါသည်။

ဓာတ်ပုံ – မြန်မာ့ကျောက်မျက်
ဓာတ်ပုံ – မြန်မာ့ကျောက်မျက်
ဓာတ်ပုံ – မြန်မာ့ကျောက်မျက်
ဓာတ်ပုံ – မြန်မာ့ကျောက်မျက်