ထိုင်းနိုင်ငံ၊ အလုပ်အကိုင်ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်)သို့ လာရောက်လေ့လာ

ထိုင်းနိုင်ငံ၊ အလုပ်အကိုင်ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာ့ကျောက်မျက်ရတနာပြတိုက်(နေပြည်တော်) သို့ (၁၄.၁.၂၀၂၀) ရက်၊ အင်္ဂါနေ့ (၁၅:၃၀) နာရီ အချိန်မှ (၁၆:၁၀)နာရီ အချိန်ထိ လာရောက် လေ့လာ ခဲ့ပါသည်။
ဧည့်သည်တော်အဖွဲ့ဝင်များသည် ပြခန်းမဆောင်အတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲ၊ ငွေထည်နှင့် သယံဇာတပစ္စည်းများ ပြကွက်တို့ကို မြန်မာ့ကျောက်မျက်ရတနာပြတိုက်(နေပြည်တော်)မှတာဝန်ရှိသူများက ကြိုဆိုရှင်းလင်းပြသ ခဲ့ပါသည်။ ဧည့်သည်တော်အဖွဲ့ဝင်များသည် ရတနာဈေး၊ ရေတံခွန်ပြကွက်နှင့် ဆင်ရေပန်းတို့ကို ကြည့်ရှုလေ့လာခဲ့ပါသည်။

ဓာတ်ပုံ – မြန်မာ့ကျောက်မျက်
ဓာတ်ပုံ – မြန်မာ့ကျောက်မျက်
ဓာတ်ပုံ – မြန်မာ့ကျောက်မျက်
ဓာတ်ပုံ – မြန်မာ့ကျောက်မျက်
ဓာတ်ပုံ – မြန်မာ့ကျောက်မျက်