ထိုင်းဘုရင့်တပ်မတော်၊ 3rd Army Area Command မှ ထိုင်း-မြန်မာ မြို့နယ်အဆင့် နယ်ခြားကော်မတီဥက္ကဋ္ဌ Colonel Wanchai Maneewan ဦးဆောင်သော အရာရှိများနှင့် ဇနီးများပါဝင်သော ကိုယ်စားလှယ်အဖွဲ့ဝင် (၁၂) ဦး မြန်မာ့ကျောက်မျက်ရတနာပြတိုက်(နေပြည်တော်) သို့ လာရောက်လေ့လာ

ထိုင်းဘုရင့်တပ်မတော်၊ 3rd Army Area Command မှ ထိုင်း-မြန်မာ မြို့နယ်အဆင့် နယ်ခြားကော်မတီဥက္ကဋ္ဌ Colonel Wanchai Maneewan ဦးဆောင်သော အရာရှိများနှင့် ဇနီးများပါဝင်သော ကိုယ်စားလှယ်အဖွဲ့ဝင် (၁၂) ဦးသည် တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးက စစ်ဦးစီးမှူး(ဒုတိယတန်း) ဗိုလ်မှူးဇေယျာဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် မြန်မာ့ကျောက်မျက်ရတနာပြတိုက်(နေပြည်တော်)သို့ (၁၄.၂.၂၀၂၀)ရက်၊ သောကြာနေ့ (၁၄:၅၀)နာရီအချိန်မှ (၁၅:၄၀)နာရီအချိန်ထိ လာရောက်လေ့လာခဲ့ပါသည်။

ဧည့်သည်တော်အဖွဲ့ဝင်များအား ပြခန်းမဆောင်အတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲ၊ ငွေထည်နှင့် သယံဇာတပစ္စည်းများ ပြကွက်တို့ကို မြန်မာ့ကျောက်မျက်ရတနာပြတိုက်(နေပြည်တော်)မှ တာဝန်ရှိသူများက ကြိုဆိုရှင်းလင်းပြသခဲ့ပါသည်။ ဧည့်သည်တော် အဖွဲ့ဝင်များသည် ရတနာဈေး၊ ရေတံခွန်ပြကွက်နှင့် ဆင်ရေပန်းတို့ကို ကြည့်ရှုလေ့လာခဲ့ပါသည်။

ဓာတ်ပုံ – မြန်မာ့ကျောက်မျက်
ဓာတ်ပုံ – မြန်မာ့ကျောက်မျက်
ဓာတ်ပုံ – မြန်မာ့ကျောက်မျက်
ဓာတ်ပုံ – မြန်မာ့ကျောက်မျက်
ဓာတ်ပုံ – မြန်မာ့ကျောက်မျက်