Powerpoint Presentation ပြင်ဆင်ပြုလုပ်ခြင်းနှင့်ပတ်သက်၍ သိမှတ်ဖွယ်ရာများ ဆွေးနွေးပို့ချခြင်း

ရုံးလုပ်ငန်းများအနက် လုပ်ငန်းစဉ်တစ်ခုအဖြစ်ပါဝင်ပြီး အစည်းအဝေးများတွင် အချိန်တိုအတွင်း ရှင်းလင်းတင်ပြနိုင်ရန် Powerpoint Presentation ပြင်ဆင်ပြုလုပ်ခြင်းနှင့်ပတ်သက်၍ သိမှတ်ဖွယ်ရာများ ဆွေးနွေးပို့ချခြင်းကို ၁၃.၃.၂၀၂၀ ရက်နေ့ (၁၅:၀၀)နာရီတွင် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပို့ချမှုတွင် အထွေထွေမန်နေဂျာ ဦးသက်ခိုင်က “Tips for Creativity Powerpoint to Make More Effective Presentation” ခေါင်းစဉ်ဖြင့် ပို့ချခဲ့ပြီး မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်သင်ယူခဲ့ကြပါသည်။

ဓာတ်ပုံ – မြန်မာ့ကျောက်မျက်
ဓာတ်ပုံ – မြန်မာ့ကျောက်မျက်