Owner Log Information System စတင်အသုံးပြုလျက်ရှိ

၂၀၂၀ ပြည့်နှစ်၊ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲတွင် ကျောက်အတွဲပိုင်ရှင်များက မိမိတို့၏ ရောင်းချခဲ့ရသော ကျောက်အတွဲများအတွက် တန်ဖိုးငွေပေးချေမှုအခြေအနေကို
၂၀.၃.၂၀၂၀ ရက်နေ့မှစတင်၍ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ ရတနာပြပွဲဆိုင်ရာနှင့် ဥပဒေရေးရာဌာနတွင်
Owner Log Information System ဖြင့်
အလွယ်တကူစစ်ဆေးကြည့်ရှုနိုင်ပြီဖြစ်ပါသည်။

အဆိုပါ စနစ် စတင်အသုံးပြုလျက်ရှိသည့်အခြေအနေကို မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ခေတ္တဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက စစ်ဆေးကြည့်ရှုခဲ့ပြီး နောင်ကျင်းပမည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲများတွင်လည်း ယခုကဲ့သို့ ဆက်လက်အသုံးပြုနိုင်ရေး ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

Owner Log Information System တွင် ကျောက်အတွဲပိုင်ရှင်များ၏ ရောင်းချခဲ့ရသော ကျောက်အတွဲများအတွက် တန်ဖိုးငွေပေးချေမှုအခြေအနေများကို အသေးစိတ်ဖော်ပြထားသဖြင့် ရတနာကုန်သည်များက မိမိတို့၏ ရောင်းချခဲ့ရသော ကျောက်အတွဲများအတွက် တန်ဖိုးငွေပေးချေမှုအခြေအနေကို အဆင်ပြေလွယ်ကူစွာ စစ်ဆေးကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

ဓာတ်ပုံ – မြန်မာ့ကျောက်မျက်