မြန်မာ့ကျောက်မျက်ရတနာ နည်းဥပဒေများ ရေးဆွဲနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည်ထောင်စုလွှတ်တော်က ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၄ဖြင့် ပြဌာန်းခဲ့သည့် မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့်အညီ မြန်မာ့ကျောက်မျက် ရတနာနည်းဥပဒေများ ရေးဆွဲနိုင်ရေး မြန်မာနိုင်ငံကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်းနှင့် ညှိနှိုင်းအစည်းအဝေးကို နေပြည် တော် မဏိရတနာ ကျောက်စိမ်းခန်းမ (အစည်းအဝေးခန်းမ) ၌ ၁၅.၃.၂၀၁၉ ရက်နေ့ (၁၃း၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းနှင့် အထွေထွေမန်နေဂျာများ၊ ဒုတိယအထွေထွေမန်နေဂျာများ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း နာယကများဖြစ်ကြသည့် သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးဝင်းမြ၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး (ငြိမ်း) ဦးသိန်းဆွေ၊ ဥက္ကဌ ဦးလဖိုင်ခွန်ဆာနှင့် ဗဟိုအလုပ်အမှု ဆောင်၊ အလုပ်အမှုဆောင်များ၊ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (ရန်ကုန်၊ မန္တလေး၊ မိုးကုတ်၊ ဖားကန့်၊ မြစ်ကြီးနား)မှ တာဝန်ရှိသူများ၊ မြန်မာ့ကျောက်မျက်ရတနာ နည်းဥပဒေကို စိတ်ပါဝင်စားသည့် ကျောက်မျက်ရတနာလုပ်ငန်းရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးတွင် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေး မှူးနှင့် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဌတို့က နှုတ်ခွန်းဆက် စကား ပြောကြားပြီး မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း အထွေထွေမန်နေဂျာ ဦးသန်းဇော်ဦးနှင့် ဒုတိယအထွေထွေမန်နေဂျာ ဦးသက်ခိုင်တို့က မြန်မာ့ကျောက်မျက်ရတနာ နည်းဥပဒေများရေးဆွဲနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်း ဆွေးနွေးတင်ပြခဲ့ကြပါသည်။

အစည်းအဝေးသို့ တက်ရောက်လာသည့် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း နာယကများ၊ ဥက္ကဌနှင့်တာဝန်ရှိသူများ၊ ကျောက်မျက်ရတနာလုပ်ငန်းရှင်များက မြန်မာ့ကျောက် မျက်ရတနာ နည်းဥပဒေများ ရေးဆွဲနိုင်ရေး လျာထားဆောင်ရွက်မှုများအပေါ် အသေးစိတ် အကြံ ပြု ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို (၁၅း၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။