၂၀၁၉ ခုနှစ်၊ (၅၆) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲ ပုလဲအတွဲများ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ

၂၀၁၉ ခုနှစ်၊ (၅၆) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယမြောက်နေ့ကို  နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမ တွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်းရတနာကုန်သည် (၁၁၂၄) ဦး၊ ပြည်ပရတနာကုန်သည် (၂၆၁၄) ဦး၊ စုစုပေါင်းရတနာ ကုန်သည် (၃၇၃၈) ဦး တက်ရောက်ခဲ့ကြပါသည်။

ယနေ့တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုလဲအတွဲပေါင်း (၁၈၂) တွဲကို ရောင်းချခဲ့ရာ အတွဲပေါင်း (၁၇၈) တွဲကို တန်ဖိုးယူရို (၁.၀၂၉) သန်းဖြင့် ရောင်းချခဲ့ရပါသည်။