၇၂ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက် လာကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့ဝင် (၂၂၁) ဦး မြန်မာ့ကျောက်မျက် ရတနာပြတိုက် (နေပြည်တော်) သို့ လာရောက်လေ့လာ

၇၂ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်လာ ကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့ဝင် (၂၂၁) ဦးသည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးစန်းယုနှင့် တာဝန်ရှိသူများလိုက်ပါလျက် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) သို့ ၆.၂.၂၀၁၉ ရက်နေ့ (၁၅း၄၀) နာရီတွင် လာရောက်လေ့လာခဲ့ပါသည်။

လေ့လာရေးအဖွဲ့အား ပြခန်းမဆောင်အတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်း၊ ကျောက် မျက်၊ ပုလဲ၊ ငွေထည်နှင့် သယံဇာတပစ္စည်းများ ပြကွက်တို့ကို မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) မှ တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ပါသည်။

ထို့နောက် လေ့လာရေးအဖွဲ့ဝင်များသည် ရတနာစျေး၊ ရေတံခွန်ပြကွက်နှင့် ဆင်ရေပန်းတို့ကို ကြည့်ရှုလေ့လာခဲ့ပါသည်။