ဥပဒေဆိုင်ရာကိစ္စရပ်များ

မြန်မာ့ကျောက်မျက်ရတနာဥပဒေ၊ နည်းဥပဒေများ

မြန်မာ့ကျောက်မျက်ရတနာဥပဒေကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေ အမှတ် ၈/ ၉၅ ဖြင့် ၁၉၉၅ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပါသည်။ မြန်မာ့ကျောက် မျက်ရတနာနည်းဥပဒေများကို သတ္တုတွင်းဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၇၀/၉၅ ဖြင့် ၁၉၉၅ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့တွင် ပြဋ္ဌာန်းပေးခဲ့ပြီး နိုင်ငံသားများကို ကျောက်မျက်ရတနာ တူးဖော်ခြင်း၊ ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ခြင်းလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုခဲ့ပါသည်။

မြန်မာ့ကျောက်မျက်ရတနာဥပဒေကို ပြင်ဆင်သည့်ဥပဒေအား ၂၀၀၃ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့ တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ် ၈/၂၀၀၃ ဖြင့်လည်းကောင်း၊ ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေအား ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် ၂၃ ဖြင့်လည်းကောင်း ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပါသည်။ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေ၊ နည်းဥပဒေများနှင့် အမိန်ကြော်ငြာစာများကို အောက်ဖော်ပြပါ Links တွင် Download ရယူ နိုင်ပါသည် –

(က)    https:// xxxxxxxxxxxxxxxxxxxx.com

(ခ)      https:// xxxxxxxxxxxxxxxxxxxx.com

(ဂ)     https:// xxxxxxxxxxxxxxxxxxxx.com

Loading