၂၀၁၉ ခုနှစ်၊ (၅၆) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲနှင့်စပ်လျဉ်း၍ အကြိုလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

၂၀၁၉ ခုနှစ်၊ (၅၆) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲနှင့်စပ်လျဉ်း၍ အကြိုလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ၆.၂.၂၀၁၉ ရက်နေ့ (၁၃း၀၀) နာရီတွင် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ့ကျောက်မျက်ရတနာ ပြပွဲ ဗဟိုကော်မတီ အတွင်းရေးမှူး၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ ဦးဆောင်ညွန်ကြားရေးမှူး ဦးအောင်ညွန့်သိန်း၊ ရတနာပြပွဲဆိုင်ရာ လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။