နည်းဥပဒေများ

 

 

အမှတ် ၈၅။ ။ ၁၉၄၀ ခုနှစ်၊ ကျောက်စိမ်းတွင်းစည်းမျဉ်းဥပဒေအမှတ် ပုဒ်မ ၄ (၁) (ဆ)၊ ပုဒ်မ ၅(က)၊ သစ်တောအက်ဥပဒေအရ ပြုထားသော နည်းဥပဒေ အပိုဒ် ၉၉ အရ၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်သမတက၊ ကချင်ပြည်နယ်မြစ်ကြီးနားခရိုင်တွင် တူးဖေါ်ရရှိသော ကျောက်စိမ်းများ အပေါ်၌ အခွန်တော်ကောက်ခံရန် အောက်ပါနည်းဥပဒေများကို ပြဋ္ဌာန်းလိုက်သည်။

 

၁။ ။ ကျောက်စိမ်းတွင်း အရာရှိ၊ သို့တည်းမဟုတ် အာဏာလွှဲအပ်ခြင်းခံရသောမည်သူမဆို၊ ကျောက်စိမ်း ၏ တန်ဘိုးကို ဆုံးဖြတ်ခြင်းနှင့် ကျောက်စိမ်း၏ တန်ဘိုးအပေါ်တွင် အကောက်ငွေ ရာခိုင်နှုန်း ၃၃(၁/၃) ကို ကောက်ခံရမည်။

၂။ ။ ကျောက်စိမ်းတွင်းအရာရှိ၊ သို့တည်းမဟုတ် အာဏာ လွှဲအပ်ခြင်းခံရသော မည်သူမဆို ဤနည်းဥပ ဒေအရ ဖွဲ့စည်းထားသော ဘုတ်အဖွဲ့နှင့်တိုင်ပင်၍၊ အကောက်အခွန်တော်ငွေများကိုကောက်ခံရန်အ တွက် ကျောက်စိမ်း၏တန်ဘိုးကိုသတ်မှတ်ရမည်။

၃။ ။ ကချင်ပြည်နယ်ဥက္ကဋ္ဌသည်၊ အကောက်ငွေများကောက်ခံရမည့်ဒေသကို၎င်း ထိုသို့ အကောက်ငွေ ကောက်ခံရန်အတွက် ဌာနချုပ်ကို၎င်း၊ ကျောက်စိမ်းတန်ဘိုးအပေါ်တွင်အကောက်ငွေစည်းကြပ်ရမည့် အကောက်နှုန်းကို၎င်း သတ်မှတ်ကျေညာရမည်။

၄။ ။ ပြည်နယ် ဥက္ကဋ္ဌကသော်၎င်း၊ သို့တည်းမဟုတ် ဤကိစ္စအလို့ငှါ၊ ပြည်နယ်ဥက္ကဋ္ဌက အာဏာလွှဲအပ် ထားခြင်းခံ​ရသော အရေးပိုင်မင်းကသော်၎င်း၊ သက်ဆိုင်ရာကျောက်စိမ်းနယ်မှ တူးဖေါ်ရရှိသော ကျောက်စိမ်းများနှင့်စပ်လျဉ်း၍၊ တန်ဘိုးကိုဖြတ်ဆိုရန်နှင့် အကောက်ငွေများကို ကောက်ခံရန်၊ လူကြီး ၆ ဦးထက်မများပါဝင်သောရာဖြတ်ဘုတ်အဖွဲ့ကိုဖွဲ့စည်းခန့်အပ်ရမည်။

၅။ ။ ထိုဘုတ်အဖွဲ့ကိုကျောက်စိမ်းကုန်သည်ကြီးများပါဝင်ခြင်းမရှိစေရ။

၆။ ။ ကျောက်စိမ်း ရောင်းဝယ်ခြင်း၌ ကျွမ်းကျင်သော သူများသည်၎င်း၊ ကျောက်စိမ်း၏အကြောင်းခြင်း ရာကို ကောင်းစွာသိနားလည်သော သူများသည်၎င်း၊ ထိုဘုတ်အဖွဲ့၏ အဖွဲ့ဝင်ဖြစ်နိုင်သည်။ မြစ်ကြီးနား အရေးပိုင်မင်းသည် ကျောက်စိမ်းဘုတ်အဖွဲ့၏ သဘာပတိအဖြစ် ဆောင်ရွက်ရန် ကျောက်စိမ်းတွင်း အရာ ရှိကိုဖြစ်စေ၊ သို့မဟုတ် ကားမိုင်းနှင့် မိုးကောင်းနယ်ပိုင်ဝန်ထောက်တဦးဦး၏ အမည်ကို တင်သွင်း ထောက်ခံရမည်။ ထိုသို့အရေးပိုင်က အမည်တင်သွင်းထောက်ခံထားသောအရာရှိအား၊ ပြည်နယ်ဥက္ကဋ္ဌက ဘုတ်အဖွဲ့ သဘာပတိအဖြစ်ဖြင့်ခန့်ထားရမည်။

၇။ ။ ကျောက်စိမ်းတွင်းအရာရှိသည် (ဘုတ်အဖွဲ့၏သဘာပတိအဖြစ်ဆောင်ရွက်ခဲ့သော်) ဘုတ်အဖွဲ့နှင့် တိုင်ပင်၍၊ မှန်ကန်စွာ အကောက်ငွေ စည်းကြပ်နိုင်ရေးအတွက် ကျောက်စိမ်း၏တန်းဘိုးကိုသတ်မှတ်ရ မည်။

၈။ ။ အကယ်၍ကျောက်စိမ်းတွင်းအရာရှိသည်၊ ဘုတ်အဖွဲ့၏အဖွဲ့ဝင်တဦးမဟုတ်ခဲ့လျှင်၊ ကျောက်စိမ်း၏ တန်ဘိုးသတ်မှတ်ရာတွင်၎င်း၊ အကောက်စည်းကြပ်ရေးကိစ္စတွင်၎င်း၊ ဘုတ်အဖွဲ့ကိုတိုင်ပင်ရမည်။

၉။ ။ ဘုတ်အဖွဲ့သည် ကျောက်စိမ်း၏ တန်ဘိုး သတ်မှတ်ရေးနှင့်သော်၎င်း၊ အကောက်စည်းကြပ်ရေးနှင့် သော်၎င်း၊ စပ်လျဉ်း၍အငြင်းအခုန်ဖြစ်ခဲ့သော်၊ ထိုအငြင်းအခုန်ကိုဖြန်ဖြေရာ၌၊ ကျောက်စိမ်းတွင်းအရာရှိ ကိုကူညီရမည်။

၁၀။ ။ ကျောက်စိမ်းတွင်းအရာရှိကဖြစ်စေ၊ သို့တည်းမဟုတ်၊ အာဏာလွှဲအပ်ခြင်းခံရသောသူတဦးဦးက ဖြစ်စေ၊ သို့တည်းမဟုတ် ဘုတ်အဖွဲ့ကဖြစ်စေ၊ ကျောက်စိမ်းတန်ဘိုးကိုဆုံးဖြတ်သတ်မှတ်ရာတွင်၊ ရောင်း သူကဖြစ်စေ၊ သို့တည်းမဟုတ် ဝယ်သူကဖြစ်စေ၊ သို့တည်းမဟုတ် နှစ်ဦးစလုံးကဖြစ်စေ၊ မကျေနပ်ခဲ့ သော်၊ ထိုသို့သတ်မှတ်ဆုံးဖြတ်ထားသောတန်ဘိုးကို ပြန်လည်ပြင်ဆင်သတ်မှတ်ပေးရန်၊ အရေးပိုင်မင်း ထံလျှောက်ထားနိုင်သည်။ ထိုသို့လျှောက်ထားရာတွင် ကုန်ကျသောစရိတ်ကို၊ လျှောက်ထားသူကကုန်ကျ စေရမည်။

၁၁။ ။ အရေးပိုင်မင်းသည်၊ ထိုသို့ဆုံးဖြတ်သတ်မှတ်ထားသော ကျောက်စိမ်း၏တန်ဘိုးကို ပြင်ဆင်ရန် လိုအပ်သည်ဟုယူဆလျှင်၊ ပြင်ဆင်သတ်မှတ်ပေးနိုင်သည်။

၁၂။ ။ ကျောက်စိမ်း၏တန်ဘိုးနှင့်စပ်လျဉ်းသော်၊ အရေးပိုင်မင်း၏ဆုံးဖြတ်ချက်သည်၊ အတည်ဖြစ်ရ မည်။

ခြွင်းချက်။ ။ သို့ရာတွင် ကျောက်စိမ်းအပေါ်၌ ပြဋ္ဌာန်းထားသော တန်ဘိုးသည်၊ ငွေ ငါးသောင်းထက်ပို က၊ ၎င်းအရေးပိုင်၏ အမိန့်ကို မကျေနပ်သူသည်၊ သို့မဟုတ် မကျေနပ်သူတို့သည်၊ မိမိတို့၏စရိတ်ကြေး ငွေနှင့်ပြည်နယ်ဥက္ကဋ္ဌထံသို့ပြင်ဆင်ရန်လျှောက်ထားနိုင်သည်။
ပြည်နယ်ဥက္ကဋ္ဌသည်၊ မည်ကဲ့သို့သော ကျောက်စိမ်း၏ တန်ဘိုးများကို ဖြစ်စေ၊ အဘိုးထားဆုံးဖြတ်နိုင် ခွင့်ရှိသည်။
ထိုပြည်နယ်ဥက္ကဋ္ဌ၏ဆုံးဖြတ်ချက်သည်၊ နောက်ဆုံးအတည်ဖြစ်ရမည်။

၁၃။ ။ ကျောက်စိမ်းဝယ်သူတဦးသည်၊ ထိုကျောက်စိမ်းအပေါ်တွင်ထမ်းဆောင်ရမည်ဖြစ်သော ကျောက် စိမ်းတွင်းအရာရှိကဖြစ်စေ၊ သို့တည်းမဟုတ် အာဏာလွှဲအပ်ခြင်းခံရသူကဖြစ်စေ၊ သို့တည်းမဟုတ် ဘုတ် အဖွဲ့ကဖြစ်စေ၊ ဆုံးဖြတ်သတ်မှတ်ထားသော အကောက်ငွေကို ၁၄ ရက်အတွင်း ထမ်းဆောင်ရန် ငြင်း ပယ်ခဲ့သော်၊ သို့တည်းမဟုတ် ပျက်ကွက်ခဲ့သော်၊ အဆိုပါကျောက်စိမ်းကို အစိုးရက ဘဏ္ဍာတော်အဖြစ် သိမ်းယူရမည်။ ထို့ပြင် ထိုသူအား လယ်ခွန်တော်ပေးရေးတွင်ပျက်ကွက်သောသူကို အရေးယူသည့်ကျင့် ထုံးအတိုင်း အရေးယူ၍၊ အဆိုပါကျောက်စိမ်းကို အရေးပိုင်မင်းကရောင်းချရမည်။

၁၄။ ။ ရောင်းရငွေသည် အစိုးရသို့ထမ်းဆောင်ရမည့်အကောက်ငွေထက်ပိုနေသောအခါတွင်ပိုသောငွေကို ဆိုင်ရာပုဂ္ဂိုလ်အား ပြန်လည်ပေးရမည်။ ထိုသို့ပြန်လည်ပေးရာတွင်ကုန်ကျသည့်စရိတ်များကိုနုတ်ထားရ မည်။

၁၅။ ။ ကျောက်စိမ်းတန်ဘိုးကိုသတ်မှတ်ရေးနှင့်စပ်လျဉ်း၍၎င်း၊ စည်းကြပ်သောအကောက်နှုန်းနှင့်စပ် လျဉ်း၍၎င်း၊ ဘုတ်အဖွဲ့ဝင်များနှင့်ကျောက်စိမ်းတွင်းအရာရှိသည် ဆုံးဖြတ်ချက်ချရန်သဘောကွဲလွဲနေကြ သောအခါ၊ ထိုကိစ္စကို အရေးပိုင်ထံတင်ပို့ရမည်။ အရေးပိုင်သည်ထိုကိစ္စကိုဆုံးဖြတ်ချက်ချပေးရမည်။ ထို့ ပြင်အရေးပိုင်၏ဆုံးဖြတ်ချက်သည်အပြီးသတ်အတည်ဖြစ်ရမည်။

၁၆။ ။ ကချင်ပြည်နယ်ဥက္ကဋ္ဌသည်အချိန်ကာလအားလျော်စွာကျောက်စိမ်းဘုတ်အဖွဲ့ဝင်မင်းဘားလူကြီး များ၏ နေ့တွက်အခကြေးငွေစရိတ်နှုန်းများ၊ သို့မဟုတ် လစာငွေများနှင့်ခရီးစရိတ်များကို ကန့်သတ် ပြဋ္ဌာန်းပေးရမည်။

၁၇။ ။ ကျောက်စိမ်းတွင်း နယ်မြေအပဖြစ်သော ဘုတ်အဖွဲ့ရုံး တည်ရာဌာနသို့ ကျောက်စိမ်းများသယ်ယူ ပို့ဆောင်ရေးအတွက်ခွင့်ပြုလက်မှတ်များကို ကျောက်စိမ်းတွင်းအရာရှိကအခမဲ့ထုတ်ပေးရမည်။

၁၈။ ။ ကျောက်စိမ်းတွင်းအရာရှိထံမှခွင့်ပြုလက်မှတ်မရဘဲမည်သူတစုံတယောက်မျှ ကျောက်စိမ်းများကို ကျောက်စိမ်းတွင်းနယ်မြေအပသို့ ရွှေ့ပြောင်းထုတ်ယူခွင့်မရှိစေရ။ ခွင့်ပြုလက်မှတ်တွင် ထုတ်ယူပြောင်း ရွှေ့သည့် ကျောက်စိမ်း အတွက် အစိုးရအား၊ အကောက်ငွေထမ်းဆောင်ပြီးသည့်အကြောင်း ကျောက်စိမ်း တွင်း အရာရှိ၏ထောက်ခံချက်များပါရှိရမည်။ အကောက်ငွေထမ်းဆောင်ပြီးတံဆိပ်ကို ကျောက်စိမ်းပေါ် တွင်ထင်ရှားစွာမှတ်သားထားရမည်။

၁၉။ ။ ကျောက်စိမ်းကို၊ ကျောက်စိမ်းတွင်းနယ်မြေအပဖြစ်သော အခြားနေရာသို့ထုတ်ယူရွှေ့ပြောင်းရေး ကိစ္စအလို့ငှါ သယ်ယူပို့ဆောင်ရေးခွင့်ပြုလက်မှတ်ကိုကျောက်စိမ်းတွင်းအရာရှိကသော်၎င်း၊ သို့တည်းမ ဟုတ်ဘုတ်အဖွဲ့ကသော်၎င်း ထုတ်ပေးခွင့်ရှိသည်။

၂၀။ ။ ကျောက်စိမ်း၏တန်ဘိုးအပေါ်တွင်အကောက်ငွေရာခိုင်နှုန်း ၃၃(၁/၃) စည်းကြပ်ရမည်။ ထိုကဲ့သို့သော အကောက်ငွေကိုရောင်းသူက မထမ်းဆောင်ရ၊ ကျောက်စိမ်းဝယ်သူကသာလျှင် ထမ်းဆောင်ရမည်။

၂၁။ ။ တစုံတယောက်သောသူသည်၊ သို့မဟုတ် သူတို့သည် မိမိလက်ဝယ်ရရှိထားသော ကျောက်စိမ်းကို အမြန်ရောင်းချလိုစိတ်မရှိလျှင်၊ သို့မဟုတ် အခြားတစုံတခုသောကိစ္စများကြောင့်အမြန်ရောင်းချနိုင်ခြင်း မရှိဖြစ်နေလျှင်၊ ၎င်းကျောက်စိမ်းကိုလက်ဝယ်ရရှိသည့်နေ့မှ ၁၄ ရက်အတွင်း ကျောက်စိမ်းဘုတ်အဖွဲ့ သဘာပတိ၏ ရုံးသို့တိုင်တန်း၍၊ မှတ်ပုံစာရင်းတင်ထားရမည်။ ထိုမှတ်ပုံတင်ထားသော ကျောက်စိမ်းကို တနှစ်၊ သို့မဟုတ် ၁၂လအတွင်း သိမ်းဆည်းထားနိုင်သည်၊ ၁၂ လအတွင်း ၎င်းကျောက်စိမ်းကို ရောင်းချ နိုင်ခြင်းမရှိလျှင်၊ ဘုတ်အဖွဲ့က ကျောက်စိမ်း၏ တန်ဘိုးကို ပြဋ္ဌာန်း၍ရောင်းချရမည်။ ထိုသို့ရောင်းချပြီး နောက် နည်းဥပဒေပုဒ်မ ၁၃ ရှိပြဋ္ဌာန်းချက်နှင့်အညီ ၁၄ ရက်အတွင်းကျသင့်သော အကောက်အခွန်တော် ငွေကို ထမ်းဆောင်ရမည်။

၂၂။ ။ မည်သူမဆိုမိမိ၏တွင်းမှကျောက်စိမ်းကိုရလျှင် ကျသင့်သော အကောက်ငွေကို မထမ်းဆောင်ဘဲ မိမိရရှိသော ကျောက်စိမ်းကို ဖြတ်ခြင်း၊ သို့တည်းမဟုတ် ပုံစံပြောင်းလဲခြင်းမပြုရ။
သို့ရာတွင်ကျောက်စိမ်းတွင်းအရာရှိသည်၊ လျော်ကန်သင့်မြတ်သည်ဟုထင်မြင်လျှင်၊ ကျောက်စိမ်းကို ဖြတ်ရန်သော်၎င်း၊ ပုံစံပြောင်းလဲရန်သော်၎င်း၊ ခွင့်ပြုနိုင်သည်။

ခြွင်းချက်။ ။ တစုံတယောက်သောသူသည် မိမိ၏တွင်းမှတူး၍ ကျောက်စိမ်းကိုရလျှင်၊ ကျောက်စိမ်းကို ဝယ်သူ တစုံတဦးအား၊ မရောင်းရသေးလျှင်သော်၎င်း၊ ကျောက်စိမ်းကိုဘုတ်အဖွဲ့သို့မယူဆောင်လာမှီထု ခွဲလိုသောဆန္ဒရှိလျှင် ဆန္ဒအတိုင်းထုခွဲနိုင်သည်။

၂၃။ ။ ဘုတ်အဖွဲ့တည်ရာ ဌာနသည်ဗဟိုအကောက် ငွေကောက်ခံရေးရုံး အဖြစ်လည်းအသုံးပြုရမည်။

ခြွင်းချက်။ ။ အကြောင်းပေါ်ပေါက် လာလျှင်သော်၎င်း၊ ဘုတ်အဖွဲ့က လိုအပ်သည်ဟု ထင်မြင်လျှင်သော် ၎င်း၊ ဘုတ်အဖွဲ့သည် ကျောက်စိမ်းတွင်းများကို လှည့်လည်ကြည့်ရှုရမည်။
ထို့အပြင် ကျောက်စိမ်းတွင်းအရာရှိ၏ရုံးစိုက်ရာဌာနချုပ် တည်ရှိရာ ကားမိုင်းသို့သွားရောက်၍၊ အရာရှိ များနှင့် ထိုနယ်ရှိခေါင်းဆောင်များတို့သည် ကျောက်စိမ်းရောင်းဝယ်ရေးနှင့်စပ်လျဉ်းသော အစည်းအဝေး များနှင့် ဆွေးနွေးပွဲများကို ထိုနေရာ၌ ပြုလုပ်နိုင်ရန်အစီအစဉ်များပြုလုပ်ရမည်။

၂၄။ ။ အောက်ဖေါ်ပြပါမှတ်ပုံတင်စာအုပ်များနှင့် ပုံစံများကိုကျောက်စိမ်းတွင်းအရာရှိ၏ရုံးတွင်၎င်း၊ ဘုတ်အဖွဲ့၏ရုံးတွင်၎င်းထားရှိရမည်-

(၁) ထုတ်ပေးသောခွင့်ပြုလက်မှတ်များ၏လက်ခံဖြတ်ပိုင်းများ၊

(၂) ခြောက်လလျှင်တကြိမ်ကျောက်စိမ်းတွင်းအလုပ်သမားများအား၊ ထုတ်ပေးသောလိုက်ဆင်များ၊ မှတ် ပုံတင်စာအုပ်များ၏ လက်ခံဖြတ်ပိုင်းများ၊

(၃) လစဉ်ရငွေစာရင်းမှတ်ပုံတင်စာအုပ်၊

(၄) လစဉ်သုံးငွေစာရင်းမှတ်ပုံတင်စာအုပ်၊ ထိုမှတ်ပုံတင်စာအုပ် လက်ခံဖြတ်ပိုင်းများ၏ အရောင်ကိုအ စိုးရကသင့်လျော်သည်ဟု ထင်မြင်၍သတ်မှတ်ပေးသည့် အချိန်တွင်ပြောင်းလဲရမည်။

၂၅။ ။ ကျောက်စိမ်းတွင်း တူးဖေါ်နိုင်ခွင့်လိုက်စင်ကို အလုပ်သမားတယောက်လျှင် ၅/-နှုန်းနှင့် ခြောက်လအတွက် အလုပ်သမားများအား ထုတ်ပေးရမည်။ အကယ်၍ အလုပ်သမားတယောက်သည် တနှစ်အတွင်း ခြောက်လထက်ပို၍ဆက်လက်လုပ်ကိုင်လိုလျှင်၊ ခွင့်ပြုလက်မှတ်အတွက်ငွေ ၅/- ထပ်ပေး ရမည်။

ခြွင်းချက်။ ။ ဤနည်းဥပဒေများသည်၊ ကျောက်စိမ်းတွင်းဒေသတွင် ငါးနှစ်ထက်ပို၍နေထိုင်သော သူများ ကိုသော်၎င်း၊ သို့တည်းမဟုတ်ကျောက်စိမ်းတွင်း ဒေသတွင်အမြဲနေထိုင်၍ ကျောက်စိမ်းတွင်းအရာရှိထံ မှသော်၎င်း၊ သို့တည်းမဟုတ် အာဏာနှင်းအပ်ခြင်းခံရသောအခြား အရာရှိထံမှသော်၎င်း၊ ကျောက်စိမ်း တွင်း တူးဖေါ်ရန် အတွက် လိုအပ်သော လိုက်စင်များကို ရရှိပြီးသူများနှင့်သက်ဆိုင်ခြင်းမရှိစေရ။

၂၆။ ။ ဤနည်းဥပဒေများကို လိုက်နာရန် ပျက်ကွက်ခြင်း၊ သို့တည်းမဟုတ် ကျူးကျော်ဖေါက်ဖျက်ခြင်း ပြုသော မည်သူကိုမဆို၊ ၁၉၄၈ ခုနှစ်၊ ကျောက်စိမ်းတွင်းများ စည်းမျဉ်းဥပဒေပုဒ်မ ၇ အရ၊ အပြစ်ဒဏ် ပေးခြင်းခံရမည်။

၂၇။ ။ ကချင်ပြည်နယ်ဥက္ကဋ္ဌသည်၊ ကျောက်စိမ်းတွင်းနယ်ရှင်ဒူဝါများ၏ လစာငွေများကို၊ သို့မဟုတ် လျော်ကြေးလစာများကို အချိန်ကာလအားလျော်စွာ ကန့်သတ်ပြဋ္ဌာန်း၍ ထုတ်ပေးရမည်။

၂၈။ ။ ယခုပြဋ္ဌာန်းသော ဤနည်းဥပဒေသစ်မှာ၊ ၁၉၄၇ ခုနှစ်၊ ဒီဇင်္ဘာလ ၁ ရက်နေ့မှစပြီး၊ အာဏာတည် ၍ ၁၉၄၈ ခုနှစ်၊ ဒီဇင်္ဘာလ၃၁ ရက်နေ့အထိ၊ အချိန်ကာလတွင် အာဏာတည်ရှိရမည်။

 

 41 total views,  1 views today