ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်းနှင့် မိမိကိုယ်တိုင် လက် ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ပြီးမှသာ မြန်မာ့ကျောက် မျက်ရတနာပြတိုက် (နေပြည်တော်) ရုံးဝင်းအတွင်းသို့ ဝင်ရောက်စေလျက်ရှိ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ စတင်ဖြစ်ပွားသော Coronavirus Disease 2019 (COVID-19) အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါပြန့်ပွားမှုနှင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရေးအတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းနှင့် မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်းမှ ဝန်ထမ်းများအား ၂၅.၃.၂၀၂၀ ရက်နေ့မှစတင်၍ ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်းနှင့် မိမိကိုယ်တိုင် လက်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ပြီးမှသာ မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) ရုံးဝင်းအတွင်းသို့ ဝင်ရောက်စေရေး သက်ဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။
ဓာတ်ပုံ – မြန်မာ့ကျောက်မျက်