မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးမင်းသူ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ (၅)ဧက ကျောက်စိမ်းသိုလှောင်ရုံနှင့် (၁၅) ဧက ကျောက်စိမ်းသိုလှောင်ရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေး

မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူသည် အထွေထွေမန်နေဂျာ ဦးသက်ခိုင် လိုက်ပါလျက် ၂.၂.၂၀၂၁ ရက်နေ့ (၁၄:၂၀)နာရီတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ (၅)ဧက ကျောက်စိမ်းသိုလှောင်ရုံနှင့် (၁၅) ဧက ကျောက်စိမ်းသိုလှောင်ရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ကျောက်စိမ်းရိုင်းများ သိုလှောင်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။

ရှင်းလင်းတင်ပြမှုအပေါ် ဦးဆောင်ညွှန်ကြားရေးမှူးက ကျောက်စိမ်းသိုလှောင်ရုံများတွင် သိုလှောင်ထားရှိသည့် ကျောက်စိမ်းရိုင်းများ လေလွှင့်ပပျောက်မှု မရှိစေရေး၊ စနစ်တကျထိန်းသိမ်းထားရှိရေးကို လုပ်ထုံးလုပ်နည်းများနှင့်အညီ အထူးဂရုပြု ကြပ်မတ်ဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် သန့်ရှင်းသာယာလှပစေရေးကို အမြဲအလေးထားဂရုပြုဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။