သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစု ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ရေပက်ဖြန်းခြင်း၊ စတုဒီသာ ဧည့်ခံကျွေးမွေးခြင်း၊ သင်္ကြန်တေးသီချင်း အကအလှများဖြင့် ဖျော်ဖြေခြင်း ပျော်ပွဲရွှင်ပွဲအခမ်းအနားကျင်းပပြုလုပ်

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်မှ ၁၃၈၅ ခုနှစ်သို့ ကူးပြောင်းသည့် အချိန်အခါသမယကို ကြိုဆိုသောအားဖြင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မိသားစု မြန်မာ့ ရိုးရာအတာသင်္ကြန်ရေပက်ဖြန်းခြင်း၊ စတုဒီသာ ဧည့်ခံကျွေးမွေးခြင်း၊ သင်္ကြန်တေးသီချင်း အကအလှ များဖြင့် ဖျော်ဖြေခြင်း ပျော်ပွဲရွှင်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဧပြီလ (၇)ရက်နေ့ နေ့လည် အချိန်တွင် နေပြည်တော်ရှိ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးရုံးနှင့်ဦးစီးဌာန ရုံးများ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ မြန်မာ့နှစ်သစ်ကူး နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်မှ ၁၃၈၅ ခုနှစ်သို့ ကူးပြောင်းသည့် မြန်မာ့ ရိုးရာအတာသင်္ကြန် ကြိုဆိုသည့်ပွဲ ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများ အနေဖြင့် မင်္ဂလာရှိသော ၁၃၈၅ ခုနှစ် နှစ်သစ်တွင် ကျန်းမာပျော်ရွှင်ကြပါစေကြောင်း၊ စိတ်သစ်ကိုယ်သစ်ဖြင့် နိုင်ငံ့တာဝန်များ၊ မိသားစုတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်သူများ ဖြစ်ကြပါစေကြောင်း၊ ကပ်ရောဂါဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးပြီး ချမ်းသာသုခနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာများ ပို့သပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်နှင့် ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများ ဝန်ထမ်းမိသားစု များက မြန်မာ့ရိုးရာအတာသင်္ကြန်ယိမ်းအကအလှများ သင်္ကြန်တေးသီချင်းများဖြင့် ဖျော်ဖြေ တင်ဆက် မှုများကို ကြည့်ရှုအားပေးသည်။

ထို့နောက် ဦးစီးဌာန/လုပ်ငန်းများက စတုဒီသာဖြင့် ဧည့်ခံ ကျွေးမွေးမှုများကို သုံးဆောင်ကာ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ အတာရေပက်ဖြန်း၍ ရင်းနှီးချစ်ခင် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။