သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ (၅)ဧက ကျောက်စိမ်းသိုလှောင်ရုံနှင့် (၁၅) ဧက ကျောက်စိမ်းသိုလှောင်ရုံများသို့ လာရောက် ကြည့်ရှုစစ်ဆေး

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေသည် ၁၈.၁၁.၂၀၂၀ ရက်နေ့ (၁၀:၀၀)နာရီတွင် အမြဲတမ်းအတွင်းဝန်(သတ္တုရေးရာ) ဦးမင်းမင်းဦး၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသက်တင်ညွန့်တို့နှင့်အတူ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ (၅)ဧက ကျောက်စိမ်းသိုလှောင်ရုံနှင့် (၁၅) ဧက ကျောက်စိမ်းသိုလှောင်ရုံများသို့ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြရာ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနှင့်တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြပါသည်။