ဝန်ထမ်းများ အရည်အချင်းတိုးတက် မြင့်မားရေးစာမေးပွဲနှင့် ကွန်ပျူတာအရည်အချင်းစစ် စာမေးပွဲများကျင်းပ နေပြည် တော်

မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းသည် ဝန်ထမ်းများ အရည်အချင်းတိုးတက် မြင့်မားရေးစာမေးပွဲနှင့် ကွန်ပျူတာအရည်အချင်းစစ် စာမေးပွဲများကို ၂၇.၇.၂၀၂၀ ရက်နေ့တွင် နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမ၌ (၁၀:၀၀) နာရီမှစတင်၍ (၁၇:၀၀)နာရီထိ ကျင်းပပြုလုပ်ခဲ့ပြီး သတ်မှတ်အချိန်များတွင် ဝန်ထမ်းများက ရာထူးအဆင့်အလိုက် အရည်အချင်းတိုးတက် မြင့်မားရေးစာမေးပွဲနှင့် ကွန်ပျူတာအရည်အချင်းစစ် စာမေးပွဲများကို ဖြေဆိုခဲ့ကြပါသည်။
အဆိုပါစာမေးပွဲများကျင်းပမှုနှင့် ဖြေဆိုမှုများကို မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူ လာရောက်ကြည့်ရှုအားပေးခဲ့ပြီး စာမေးပွဲကျင်းပမှု ကြီးကြပ်ကွပ်ကဲရေးအဖွဲ့နှင့် စာမေးပွဲခန်း ကြီးကြပ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများက စာမေးပွဲကျင်းပမှုအခြေအနေကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။