ဌာနဖွဲ့စည်းပုံ

 

စီမံရေးရာဌာနဖွဲ့စည်းပုံ

 

၁။        မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းတွင် ဖွဲ့စည်းပုံခွင့်ပြု အရာထမ်း (၁၄၅)ဦး၊ အမှုထမ်း (၉၆၅)ဦး စုစုပေါင်း (၁၁၁၀)ဦးရှိပြီး ခန့်ပြီးဝန်ထမ်းအင်အားမှာ အရာထမ်း(၁၁၇)ဦး၊ အမှုထမ်း(၄၇၄)ဦး စုစုပေါင်း(၅၉၁)ဦးဖြင့် ဌာန၏ချမှတ်ထားသော မူဝါဒနှင့်အညီ လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိပါသည်။

၂။         ဦးဆောင်ညွှန်ကြားရေးမှူး၏ ကွပ်ကဲမှုအောက်တွင် အထွေထွေမန်နေဂျာ(ရန်ကုန်)၊ အထွေထွေ မန်နေဂျာ (နေပြည်တော်)၊ အထွေထွေမန်နေဂျာ(ကျောက်မျက်)၊ အထွေထွေမန်နေဂျာ(ကျောက်စိမ်း)တို့ (၄)ဦးဖြင့် ရုံးချုပ်နှင့် နယ်တူးဖော်ရေးဌာနများ၏ လုပ်ငန်းတာဝန်များကို ပြီးမြောက်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၃။        အထွေထွေမန်နေဂျာ(ရန်ကုန်)လက်အောက်တွင် ရောင်းဝယ်ရေးဌာန(ကျောက်စိမ်း/ကျောက်မျက်)၊ ပြတိုက်ဌာန(ရန်ကုန်)တို့ရှိပြီး ကျောက်မျက်ရတနာပြပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင် ပြင်ဆင်ခြင်း အချိန်မီပြီးစီးအောင်ဆောင်ရွက်ခြင်း၊ ကျောက်စိမ်း/ကျောက်မျက်များ စနစ်တကျ စစ်ဆေး၊ လက်ခံခြင်း၊ အတွဲဖွဲ့ခြင်း၊ စနစ်တကျထိန်းသိမ်းထားရှိခြင်း၊ နိုင်ငံတော်အဆင့် လက်ဆောင်ပစ္စည်း အဖြစ် ကျောက်စိမ်းရုပ်ထု၊ ရုပ်ထွင်းများ၊ ငွေထည်ပစ္စည်းများ၊ ရွှေထည်ပစ္စည်းများကို သတ်မှတ်လုပ်ထုံးလုပ်နည်း နှင့်အညီ အချိန်မီပြီးစီးရေး ကြီးကြပ်ကွပ်ကဲဆောင်ရွက်ခြင်း၊ ပြတိုက်ဌာနတွင် ပြသထားရှိသည့် ရတနာ ပစ္စည်းများလုံခြုံရေး၊ ပြတိုက်အဆောက်အဦးရေရှည်ခိုင်ခံ့စေရန် မွမ်းမံပြင်ဆင်ထိန်းသိမ်းရေး၊ ပြတိုက်ဝင်း စိမ်းလန်းစိုပြေ၊ သန့်ရှင်း၊ သပ်ရပ်၊ လှပရေး၊ နိုင်ငံတော် ဧည့်သည်တော်များ လာရောက်ကြည့်ရှုစဉ် နိုင်ငံတော်အဆင့်နှင့်အညီ ဧည့်သည်အဆင့် အမျိုးအစားအလိုက် စနစ်တကျရှင်းလင်းပြသနိုင်ရေး တာဝန် များကို ဦးဆောင်ညွှန်ကြားရေးမှူးကို တာဝန်ခံ၍ဆောင်ရွက်ပါသည်။

၄။        အထွေထွေမန်နေဂျာ(နေပြည်တော်) လက်အောက်တွင် စီမံဌာန၊ ငွေစာရင်းဌာန၊ ပြပွဲဌာန၊ မှတ်တမ်းနှင့်လိုင်စင်ဌာန၊ နေပြည်တော်ပြတိုက်ဌာနတို့ရှိပြီး ဝန်ထမ်းရေးရာကိစ္စရပ်များ ဝန်ထမ်းစည်းကမ်း ထိန်းသိမ်းရေးနှင့် လုံခြုံရေးကိစ္စရပ်များဆောင်ရွက်ခြင်း၊ ဌာနအသီးသီးတွင် ခန့်ထားသည့်ဝန်ထမ်းများ၏ စီမံခန့်ခွဲရေး၊ အရေးယူအပြစ်ပေးရေး၊ ပြောင်းရွှေ့ခန့်ထားရေးများတွင် ဝန်ထမ်းစည်းမျဉ်းများနှင့်အညီ စနစ်တကျ အချိန်မီဆောင်ရွက်နိုင်ရန် ကြီးကြပ်ကွပ်ကဲခြင်း၊ ငွေစာရင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း စည်းမျဉ်း စည်းကမ်းအတိုင်း ဘဏ္ဍာရေးကျင့်စဉ်များနှင့် ညီညွတ်ကိုက်ညီသည့် လုပ်ဆောင်မှုများကို အလေးထား ဆောင်ရွက်ခြင်း၊ ပြပွဲသို့ ပြည်တွင်း/ပြည်ပရတနာကုန်သည်များ တက်ရောက်နိုင်ရေး ဖိတ်ကြားခြင်း၊ လိုအပ် သော ဆက်သွယ်မှုများလုပ်ဆောင်ခြင်း၊ စနစ်တကျနှင့် အချိန်မီဖြစ်စေရေးအတွက် ကြီးကြပ်ကွပ်ကဲ ဆောင် ရွက်ခြင်း၊ စနစ်တကျနှင့်အချိန်မီဖြစ်စေရေးအတွက် ကြီးကြပ်ကွပ်ကဲဆောင်ရွက်ခြင်း၊ ရတနာပြပွဲ အောင်မြင် စွာကျင်းပနိုင်ရေးအတွက် အနီးကပ်တာဝန်ယူ၍ ဆောင်ရွက်ခြင်း၊ ရတနာနယ်မြေ တူးဖော်ရေးဌာန အသီးသီးရှိ လုပ်ကွက်များတွင် လုပ်ကိုင်ခွင့်ချထားပေးရေးအတွက် သတ်မှတ်ကာလများနှင့်အညီ ကွက်ရပ် နယ်မြေအလိုက် မြေပုံမှတ်တမ်းဇယားများ စနစ်တကျမှန်ကန်စွာရှိစေရေး၊ ကြီးကြပ်ကွပ်ကဲခြင်း ရတနာ ပစ္စည်းများလုံခြုံရေး၊ ပြတိုက်အဆောင်အဦး ရေရှည်ခိုင်ခံ့စေရန် မွမ်းမံပြင်ဆင်ထိန်းသိမ်းရေး၊ ပြတိုက်ဝင်း စိမ်းလန်းစိုပြေ၊ သန့်ရှင်း၊ သပ်ရပ်၊ လှပရေး၊ နိုင်ငံတော်ဧည့်သည်တော်များ၊ ဌာနအဖွဲ့အစည်းများနှင့် နိုင်ငံခြား သားဧည့်သည်တော်များ လာရောက်ကြည့်ရှုစဉ် နိုင်ငံတော်အဆင့်နှင့်အညီ ဧည့်သည်အဆင့် အမျိုးအစား အလိုက် စနစ်တကျ ရှင်းလင်းပြသနိုင်ရေး တာဝန်များကို ဦးဆောင်ညွှန်ကြားရေးမှူးကို တာဝန်ခံ၍ ဆောင် ရွက်ပါသည်။

၅။        အထွေထွေမန်နေဂျာ(ကျောက်မျက်) လက်အောက်တွင် ကျောက်မျက်တူးဖော်ရေးဌာန မန္တလေး (စခန်းရုံး)၊ ကျောက်မျက်တူးဖော်ရေးဌာန(မိုးကုတ်)၊ ကျောက်မျက်တူးဖော်ရေးဌာန(မိုင်းရှူး) တို့ရှိပြီး ကျောက်မျက်တူးဖော်ရေးဌာနများရှိ တူးဖော်ထုတ်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ထိန်းသိမ်းရေးလုပ်ငန်း များ ကျောက်မျက်ရတနာများ လျော့နည်းပျောက်ဆုံးမှုမရှိစေရန် စနစ်တကျမှတ်တမ်းများ ရေးသွင်းထားရှိ ရေး၊ လုံခြုံစိတ်ချရသည့် သိုလှောင်ရုံများအတွင်း သော့ခတ်ချိတ်ထိုး သိမ်းဆည်းရေးခြင်း၊ ကျောက်မျက် ရတနာနယ်မြေအသီးသီးမှ ရတနာခွန်(တွင်းဝခွန်) အပြည့်အဝရရှိစေရေးနှင့် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေနှင့်အညီဖြစ်စေရေး လိုအပ်သလို ကြီးကြပ်ကွပ်ကဲခြင်းများကို ဦးဆောင်ညွှန်ကြားရေးမှူးကို တာဝန်ခံ၍ ဆောင်ရွက်ပါသည်။

၆။        အထွေထွေမန်နေဂျာ (ကျောက်စိမ်း) လက်အောက်တွင် ကျောက်စိမ်းတူးဖော်ရေးဌာန (လုံးခင်း / ဖားကန့်)တို့ရှိပြီး ကျောက်စိမ်းတူးဖော်ရေးဌာနများအတွင်း ထိန်းသိမ်းထားသည့် ကျောက်မျက်ရတနာ လျော့ နည်းပျောက်ဆုံးမှုမရှိစေရန်၊ စနစ်တကျမှတ်တမ်းများ ရေးသွင်းထားရှိရေး၊ လုံခြုံစိတ်ချရသည့် သိုလှောင်ရုံ များအတွင်း သော့ခတ်ချိတ်ထိုးသိမ်းဆည်းခြင်း၊ ကျောက်စိမ်းရတနာနယ်မြေအသီးသီးမှ ရတနာခွန် (တွင်းဝခွန်) အပြည့်အဝရရှိစေရေးနှင့် မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့်အညီ ဖြစ်စေရေး လိုအပ်သလို ကြီးကြပ်ကွပ်ကဲခြင်း၊ ကျောက်စိမ်းရတနာနယ်မြေ အသီးသီးတွင် လုပ်ငန်းခွင်အန္တရာယ် မဖြစ်ပေါ်စေရေး၊ လို အပ်သည့်အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများ ကြိုတင်သတ်မှတ် ပြဌာန်းကာ ကြီးကြပ်ကွပ်ကဲခြင်း၊ ကျောက်စိမ်းရတနာနယ်မြေ အသီးသီးရှိ ကျောက်မျက်ရတနာလုပ်ကွက်များမှ ထွက်ရှိသော ကျောက်မျက် ရတနာများကို မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့်အညီ နိုင်ငံတော်ကကြီးမှူးကျင်းပသော မြန်မာ့ကျောက် မျက်ရတနာပြပွဲများတွင် တင်ပြရောင်းချရေး ကြီးကြပ်ကွပ်ကဲဆောင်ရွက်ခြင်း၊ ဦးဆောင်ညွှန်ကြားရေးမှူးကို တာဝန်ခံ၍ ဆောင်ရွက်ပါသည်။

Loading