လုပ်ထုံးလုပ်နည်းစံသတ်မှတ်ချက်များ (Standard Operation Procedure)

မြန်မာ့ကျောက်မျက်ရတနာပြတိုက်(နေပြည်တော်) ၏  ဌာနနှင့်သက်ဆိုင်သည့် စံချိန်စံနှုန်းညီ လုပ်ထုံးလုပ်နည်းများ (Standard Operation Procedure – SOP)

 

နိုင်ငံတော်အကြီးအကဲ၊ အစိုးရဌာနအကြီးအမှူးများ၊ အခြားပုဂ္ဂလိကအသင်းအဖွဲ့များ၏ အစီအမံဖြင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များသည် အစိုးရရုံးပိတ်ရက်နှင့် ပြတိုက်ပိတ် ရက်တွင် လာရောက်လေ့လာကြည့်ရှုမည့် အစီအစဉ်ရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ကို ရယူ၍ ဖွင့်လှစ်ဆောင်ရွက်ပေးခြင်း။

နိုင်ငံတော်အကြီးအကဲ၊ အစိုးရဌာနအကြီးအမှူးများ၏ အစီအမံဖြင့် ဖိတ်ကြားထားသော နိုင်ငံတော်အဆင့်ဧည့်သည်တော်များသည် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) သို့ လာရောက်လေ့လာရန် အစီအစဉ်ရှိပါက ပြတိုက်ဝင်ကြေးငွေကင်းလွတ်ခွင့်ပြု/မပြုကို သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း လုပ်ထုံးလုပ်နည်းနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း။

ပြည်ထောင်စုဝန်ကြီးဌာနအဆင့်၊ အခြားပုဂ္ဂလိကအသင်းအဖွဲ့များအနေဖြင့် ၎င်းတို့၏ အစီအမံအတိုင်း ဖိတ်ကြားထားသည့် ဧည့်သည်တော်များသည် မြန်မာ့ကျောက်မျက်ရတနာ ပြတိုက်(နေပြည်တော်)သို့ လာရောက်လေ့လာကြည့်ရှုကြမည့် နေ့ရက်၊ အချိန်၊ အင်အားတို့ကို သက်ဆိုင်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ လုပ်ထုံး လုပ်နည်းနှင့်အညီ အချိန်မီ ပေးပို့တင်ပြညှိနှိုင်းဆောင်ရွက်ခြင်းအပေါ် ပြည်ထောင်စု ဝန်ကြီးရုံး၏ ညွှန်ကြားချက်အတိုင်း မြန်မာ့ကျောက်မျက်ရတနာပြတိုက်(နေပြည်တော်) က လုပ်ထုံးလုပ်နည်းနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း။

ပြည်ထောင်စုဝန်ကြီးဌာနအဆင့်၊ အခြားပုဂ္ဂလိကအသင်းအဖွဲ့များ၏ အစီအမံဖြင့် ဖိတ်ကြားထားသော ဧည့်သည်တော်များသည် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်)သို့ လာရောက်လေ့လာပါက ဧည့်သည်တော်များအား ဦးဆောင်လာသော အဖွဲ့ခေါင်းဆောင် /ဆက်ဆံရေးအရာရှိများနှင့် ညှိနှိုင်းပြီး နိုင်ငံတော်သမ္မတရုံး၏ (၉.၁.၂၀၁၇) ရက်စွဲပါ စာအမှတ်၊ ၁၅၈ (၁) /၈/သမ္မတရုံး၏ ညွှန်ကြားချက်၊ ပြည်ထောင်စုဝန်ကြီးရုံး၏ (၂၀.၁.၂၀၁၇)  ရက်စွဲပါစာအမှတ်၊ ၉ ခွဲ(၅) ၁၇/သတ္တု(၀၈၃၉) အရ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်နှင့်အညီ ဝင်ကြေးငွေကို နိုင်ငံတော်ဗဟိုဘဏ်၏ နေ့စဉ်သတ်မှတ် ထားသော ငွေလဲလှယ်နှုန်းထားအတိုင်း ကောက်ခံဆောင်ရွက်ခြင်း။

Loading