ဌာနဖွဲ့စည်းပုံ

မြန်မာ့ကျောက်မျက်ရတနာပြတိုက်(ရန်ကုန်) ဖွဲ့စည်းပုံ

  • မြန်မာ့ကျောက်မျက်ရတနာပြတိုက်(ရန်ကုန်)သည် မြန်မာနိုင်ငံမှ ထွက်ရှိသောမြန်မာ့သယံဇာတတွင်းထွက်ပစ္စည်းများကိုသာ ဂုဏ်ယူဝင့်ကြွားစွာ ပြသထားသည့် နိုင်ငံ့ဂုဏ်ဆောင် အဆောက်အဦ တစ်ခုဖြစ်ပြီး နိုင်ငံတော်မှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ပြည်တွင်း/ပြည်ပမှခရီးသွားဧည့်သည်တော်များ၊ကျောက်မျက်ပညာရပ်အတွက်ကျမ်းပြုစုသည့် ကျောင်းသား/သူများလာရောက် လေ့လာသော နေရာတစ်ခုဖြစ်ပါသည်။

  • ကုန်သွယ်ရေးဝန်ကြီးဌာန၏ (၂၀.၁၂.၁၉၆၅) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၃)အရ (၁.၁.၁၉၆၆) ရက်တွင် အမှတ်(၁၉) ကုန်သွယ်ရေးကော်ပိုရေးရှင်း (ကျောက်မျက်ရတနာ)ကို စတင်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၆၂ခုနှစ်၊သတ္တုတွင်းဝန်ကြီးဌာနအနေဖြင့် မြန်မာ့ဓါတ်သတ္တုတိုးချဲ့ လုပ်ကိုင်ရေး ကော်ပိုရေးရှင်းလက်ထက်တွင် မြန်မာ့ကျောက်မျက် / ကျောက်စိမ်းတွင်းစီမံကိန်း အမည်ဖြင့် တူးဖော်ခဲ့ပါသည်။ (၁.၄.၁၉၇၆) ရက်တွင် ကုန်သွယ်ရေး(၁၉)နှင့် ကျောက်မျက်/ကျောက်စိမ်းတွင်းစီမံကိန်း (၂)ခုစလုံးပေါင်းစည်းပြီး မြန်မာ့ကျောက်မျက်ရတနာကော်ပိုရေးရှင်းအဖြစ် ဖွဲ့စည်းခဲ့ပါသည်။ ထိုမှတစ်ဖန် (၁.၄.၁၉၈၉)ရက်တွင် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းသို့ ပြောင်းလဲသတ်မှတ်ခဲ့ပြီး ယနေ့တိုင်၄င်းအမည်ဖြင့် လုပ်ငန်းတာဝန်များ ဆက်လက်ဆောင်ရွက်လျက် ရှိပါသည်။