လုပ်ထုံးလုပ်နည်းစံသတ်မှတ်ချက်များ (Standard Operation Procedure)

မြန်မာ့ကျောက်မျက်ရတနာပြတိုက် (ရန်ကုန်)၏  ဌာနနှင့်သက်ဆိုင်သည့် စံချိန်စံနှုန်းညီလုပ်ထုံးလုပ်နည်းများ (Standard Operation Procedure – SOP)

  • ပြတိုက်(ရန်ကုန်)ဧည့်ကြိုနှင့်ပြတိုက်ဝင်ကြေးငွေကောက်ခံရေးဝန်ထမ်းများ၏ စံချိန် စံနှုန်းညီလုပ်ထုံးလုပ်နည်းများ-

  • ပြတိုက်(ရန်ကုန်)သို့ လာရောက်လေ့လာသောဧည့်သည်တော်များအားမြန်မာ့ယဉ်ကျေးမှုနှင့်အညီခရီးဦးကြိုဆိုခြင်း၊
  • ပြတိုက်ဝင်ကြေးငွေကောက်ခံခြင်းနှင့် ဧည့်သည်မှတ်ပုံတင်ခြင်း၊
  • ပြတိုက်အတွင်းယူဆောင်ခြင်းမပြုရန် တားမြစ်ထားသောပစ္စည်းများကို ယူဆောင်ခြင်းမပြုရန်နှင့်ဧည့်သည်တော်ပစ္စည်းထားသိုရာ ဘီရိုအတွင်းသို့ ထည့်သွင်းသိမ်းဆည်းစေပြီး ဘီရိုသော့ပေးအပ်ခြင်း၊

  • ပြတိုက်(ရန်ကုန်)လုံခြုံရေးဝန်ထမ်းများ၏ စံချိန်စံနှုန်းညီလုပ်ထုံးလုပ်နည်းများ-

  • ပြတိုက်သို့လာရောက်လေ့လာကြည့်ရှုသည့် ဧည့်သည်များကို မြန်မာ့ယဉ်ကျေးမှုနှင့်လျော်ညီစွာနှုတ်ခွန်းဆက်သခြင်း၊
  • လုံခြုံရေးတာဝန်အရ Metal Detector Body Search ပြုလုပ်ခြင်း၊
  • နေ့စဉ်ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် စာရင်းသွင်းခြင်း၊
  • လုံခြုံရေးစက်ပစ္စည်း Walk Throughအတွင်းမှဝင်ရောက်စေခြင်း၊
  • လာရောက်လေ့လာသောဧည့်သည်တော်များအား သက်တောင့်သက်သာဖြစ်စေရန် ဓါတ်လှေကားဖြင့် ပြတိုက်ပြခန်းဆောင်သို့ လိုက်ပါပို့ဆောင် ပေးခြင်း၊

  • ပြတိုက်(ရန်ကုန်) Display အဖွဲ့ဝန်ထမ်းများ၏စံချိန်စံနှုန်းညီလုပ်ထုံးလုပ်နည်းများ-

  • ပြတိုက်(ရန်ကုန်)သို့ လာရောက်ကြည့်ရှုသည့် ဧည့်သည်များကို  မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ၊ ဂျပန်ဘာသာ၊ ပြင်သစ်ဘာသာနှင့် တရုတ်ဘာသာစကားများဖြင့် မြန်မာ့ယဉ်ကျေးမှုနှင့်လျော်ညီစွာ ရှင်းလင်းပြသဆောင်ရွက်ပေးလျက်ရှိခြင်း၊
  • ပြတိုက်ဝန်ထမ်းများအတွက် လိုအပ်လျက်ရှိသောရုရှား၊ ထိုင်း၊ မလေးရှား၊ ဂျာမနီစသည့် နိုင်ငံခြားဘာသာရပ်များကိုလည် းတတ်မြောက်စေရန် လုပ်ထုံးလုပ်နည်းနှင့်အညီ စံချိန်စံနှုန်းတိုးမြှင့်ဆောင်ရွက်သွားရန်စီစဉ်လျက်ရှိခြင်း၊

  • ပြတိုက်(ရန်ကုန်)ရေ၊မီးအဖွဲ့ဝန်ထမ်းများ၏ စံချိန်စံနှုန်းညီလုပ်ထုံးလုပ်နည်းများ-

  • ပြတိုက်(ရန်ကုန်) အတွင်း/အပြင် မီးဘေးအန္တရာယ်ကင်းရှင်းစေရန် ပြတိုက်အထပ်တိုင်းတွင်မီးသတ်ပိုက်၊ ရေငုတ်၊ မီးသတ်ဆေးဗူးများကို အချိန်အခါမရွေးအသုံးပြုနိုင်ရန် နေ့စဉ်စစ်ဆေးပြီးဆောင်ရွက်ထားရှိခြင်း၊
  • ပြတိုက်(ရန်ကုန်)အတွင်း/အပြင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်အတွက်မီးသတ်စက် Portable Machine ကို ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိခြင်း၊
  • စည်ပင်ရေပေးဝေမှုပြတ်တောက်ပါက အဝီစိရေ/ရေတွင်းရေဖြင့် ဖြည့်ဆည်းထားခြင်း၊
  • လျှပ်စစ်မီးပြတ်တောက်ပါက(Generator)မီးစက်ဖြင့်(၃)မိနစ်အတွင်း လျှပ်စစ်မီးဖြန့်ဖြူးပေးစေခြင်း၊

  • ပြတိုက်(ရန်ကုန်) ရုံးအဖွဲ့ဝန်ထမ်းများ၏ စံချိန်စံနှုန်းညီလုပ်ထုံးလုပ်နည်းများ-

  • ရုံးလုပ်ငန်းဆိုင်ရာမှတ်တမ်းများ၊ စာရင်းဇယား၊ ပြေစာ၊ လယ်ဂျာများထိန်းသိမ်းခြင်းနှင့် စာရေးကိရိယာများ၊ပရိဘောဂများ၊ ပြတိုက်တွင်သုံးစွဲသည့်ပစ္စည်းများကို စာရင်းဇယားများနှင့်စနစ်တကျထိန်းသိမ်း/ထုတ်ယူဆောင်ရွက်စေခြင်း၊
  • ဝင်စာများ၊ ထွက်စာများ၊ ဖြန့်ဝေစာများအချိန်မီပြီးစီးအောင် ဆောင်ရွက်ခြင်း၊
  • ဝန်ထမ်းများနေ့စဉ် ရုံးတက်ခြင်း၊ ခွင့်ယူခြင်း၊ လစာတိုးမြှင့်ခြင်း၊ နှစ်တိုးလစာတင်ပြတောင်းခံခြင်းနှင့်ဝန်ထမ်းစည်းကမ်းကိစ္စများကိုလစ်ဟင်းမှု မရှိစေရေးစီမံဆောင်ရွက်ခြင်း
  • e-government လုပ်ငန်းများကို နေ့စဉ် နံနက်(၀၉၃၀)မှ(၁၆၃၀)ထိ ဖွင့်လှစ်၍ပြတိုက်ဝန်ထမ်းများ၏ ကိုယ်ရေးမှတ်တမ်းများ၊ ဝင်/ထွက်စာများ ပြတိုက်တွင်ပြသထားသော ရတနာပစ္စည်းများစာရင်းနှင့် ဌာန၏ စက်ကရိယာများ ပြင်ဆင်ထိန်းသိမ်းခြင်းစာရင်းများကို DMS (Document Management System)စနစ်ဖြင့်အသုံးပြု၍ သိမ်းဆည်းထားရှိခြင်းနှင့် egovernmentနှင့်ပတ်သက်သည့် အချက်အလက်များကို ပြင်ပသို့ပေါက်ကြားမှုမရှိစေရေးအတွက် အသုံးပြုသည့် ကွန်ပျူတာနှင့် Website ကိုလျှို့ဝှက်နံပါတ်များထားရှိပြီး တာဝန်ကျ ဝန်ထမ်းများသာ ဝင်/ထွက် ခွင့်ပြုခြင်းကို ဆောင်ရွက်ခြင်းတို့ဖြစ်ပါသည်။