Coronavirus Disease 2019 (COVID-19) အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါပြန့်ပွားမှုနှင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရေးအတွက် မြန်မာ့ ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) ရုံးဝင်းအတွင်း ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းဆောင်ရွက်

Coronavirus Disease 2019 (COVID-19) အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါပြန့်ပွားမှုနှင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရေးအတွက် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) ရုံးဝင်းအတွင်း ပိုးသတ်ဆေးဖြန်းခြင်းကို ၂.၄.၂၀၂၀ ရက်နေ့တွင် မြတ်ပါရမီ လူမှုကူညီရေးအသင်း (နေပြည်တော်)၏ အကူအညီဖြင့် ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ခေတ္တဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။
ဓာတ်ပုံ – မြန်မာ့ကျောက်မျက်