အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စု၊ ယင်းတို့နှင့်ဆက် နွယ်သူများ၏ ငွေကြေးများနှင့်ရန်ပုံငွေများအား ထိန်းချုပ် တားမြစ်ခြင်းနှင့်စပ်လျဉ်း၍ ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များကို သက်ဆိုင်ရာ အင်တာနက်စာမျက်နှာများတွင် လေ့လာဖတ်ရှုနိုင်

အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၆ တွင် အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ကုလသမ္မဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၂၇၀/၂၀၁၆ နှင့် ဆက်စပ်ဆုံးဖြတ်ချက်များအရ ထုတ်ပြန်ထားသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ ပိုင်ဆိုင်သော၊ ထိန်းချုပ်ထားသော သို့မဟုတ် ဆက်နွယ်နေသော ငွေကြေးနှင့် ပစ္စည်းများအား နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ သိမ်းဆည်းရန် ၂၂.၂.၂၀၁၇ ရက်စွဲပါ အမိန့်အမှတ်၊ ၁/၂၀၁၇ ဖြင့် ညွှန်ကြားထားပြီးဖြစ်ပါသည်။ အဆိုပါညွှန်ကြားချက်ကို ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့၏ အင်တာနက်စာမျက်နှာဖြစ်သော https://www.mfiu.gov.mm/order-no12017 တွင် လေ့လာဖတ်ရှုနိုင်ပါသည်။
သို့ပါ၍ ကျောက်မျက်ရတနာလုပ်ငန်းဆောင်ရွက်နေသူများအနေဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ထုတ်ပြန်ထားသည့် အမိန့်အမှတ်၊ ၁/၂၀၁၇ ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန်နှင့် ကုလသမ္မဂလုံခြုံရေးကောင်စီ ၏ ဆုံးဖြတ်ချက်များကို ကုလသမ္မဂလုံခြုံရေးကောင်စီ၏ အင်တာနက်စာမျက်နှာဖြစ်သော https://www.un.org/securitycouncil/content/resolutions နှင့် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့၏ အင်တာနက်စာမျက်နှာဖြစ်သော https://www.mfiu.gov.mm များတွင် လေ့လာဖတ်ရှုနိုင်ပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။