ဝန်ထမ်းများ ပျော်ရွှင်အပန်းဖြေနိုင်ရေး မြန်မာအသံနှင့် ရုပ်မြင်သံကြားမှ လာရောက် ဖျော်ဖြေပေး

ဝန်ထမ်းများ ပျော်ရွှင်အပန်းဖြေနိုင်ရေး မြန်မာအသံနှင့် ရုပ်မြင်သံကြားမှ လာရောက် ဖျော်ဖြေပေး

နေပြည်တော် နိုဝင်ဘာ (၉)

          သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက် ရှိသော ဝန်ထမ်းများ ပျော်ရွှင် အပန်းဖြေနိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာအသံနှင့် ရုပ်မြင်သံကြား၏ ဝန်ထမ်းများနှင့် အနုပညာရှင်များ၏ ဖျော်ဖြေပွဲ ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၉)ရက်နေ့ ညနေ (၅)နာရီ အချိန်တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်ရာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း နှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တို့ တက်ရောက် ကြည့်ရှုအားပေးပါသည်။

          အဆိုပါ ဖျော်ဖြေပွဲ မစတင်မီ ပြည်ထောင်စုဝန်ကြီးများက နိုင်ငံကျော် အဆိုတော်များ၊ မြန်မာအသံနှင့် ရုပ်မြင်သံကြားမှ  ဝန်ထမ်းအနုပညာရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပါသည်။ ဖျော်ဖြေပွဲသို့ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန/ လုပ်ငန်း/ တက္ကသိုလ်များမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြား ရေးမှူးများ၊ ပါမောက္ခချုပ်၊ အရာထမ်း၊ အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုများ ပျော်ရွှင်စွာ ကြည့်ရှု အားပေးကြပြီး မြန်မာအသံနှင့် ရုပ်မြင်သံကြား ခေတ်ပေါ်တီးဝိုင်းအဖွဲ့နှင့်အတူ တေးသံရှင်များက မြန်မာသံစဉ် တေးသီချင်းများ၊ ခေတ်ပေါ် တေးသီချင်းများဖြင့်လည်းကောင်း နိုင်ငံကျော် အဆိုတော် မြန်မာပြည်သိန်းတန် က တေးသီချင်းများဖြင့် လည်းကောင်း၊ မြန်မာအသံနှင့် ရုပ်မြင်သံကြား၏ အဉ္စလီအငြိမ့်အဖွဲ့၏ အငြိမ့်ကပြမှုဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ကြရာ ပျော်ရွှင်စွာ ကြည့်ရှု အားပေးခဲ့ကြောင်း သိရပါသည်။