မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ အစည်း အဝေး ကျင်းပ

          မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ အစည်းအဝေးကိုယနေ့နံနက်(၉:၃၀)နာရီ အချိန်တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာယက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက်တက်ရောက်လာသူများက ၂၀၂၃ ခုနှစ်၊ (၅၈)ကြိမ်မြောက်မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် ခင်းကျင်းပြသရောင်းချမည့် ကျောက်စိမ်းအတွဲများနှင့် ကျောက်မျက်အတွဲများ၊ ပုလဲအတွဲများ အတွဲဖွဲ့စည်းထားမှုနှင့် ရောင်းချမည့်အခြေအနေ၊ လုံခြုံရေးဆိုင်ရာအခြေအနေ၊ ပြပွဲတက်ရောက်မည့်ပြည်တွင်း/ပြည်ပရတနာကုန်သည်များ၏ တည်းခိုနေထိုင်ရေး အခြေအနေ နှင့်ပတ်သက်၍ ဝိုင်းဝန်းညှိနှိုင်း ဆွေးနွေးကြသည်။       

အဆိုပါအစည်းအဝေးသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဉက္ကဋ္ဌနှင့် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ ဉက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်းသိရှိရပါသည်။