၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

နေပြည်တော် အောက်တိုဘာ ၂၈

၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။

ယနေ့ပြပွဲတွင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အုပ်စု (C) မှ ကျောက်စိမ်းအသားကျောက် (၇၉၂) ကို မြန်မာကျပ်ငွေဖြင့် ပြည်တွင်းရတနာကုန်သည် များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း ( ၇၇၉ ) တွဲ ရောင်းချရကြောင်းကြေညာသည်။

၂၀၂၃ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပုလဲအတွဲ (၃၀၀) အနက်မှ ပုလဲအတွဲ(၃၀၀) နှင့် ကျောက်မျက်အတွဲ(၁၆၀)အနက်မှ ကျောက်မျက်အတွဲ( ၇၃ )တွဲကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ဈေးနှုန်းပိုမိုစွာဖြင့် ရောင်းချနိုင်ခဲ့သည်။ ထို့ပြင် ပြပွဲတွင် အုပ်စု( A) မှ ကျောက်စိမ်းအတွဲပေါင်း( ၅၂၀) ၊ အုပ်စု (B)မှ ကျောက်စိမ်းအတွဲပေါင်း (၁၇၃၃)တွဲနှင့် အုပ်စု(C)မှ ကျောက်စိမ်းအတွဲပေါင်း( ၁၇၉၂) စုစုပေါင်းကျောက်စိမ်းအတွဲပေါင်း (၄၀၄၅) တွဲကို နေ့ရက်အလိုက် ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များအား အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း (၃၇၀၄)တွဲ ရောင်းချနိုင်ခဲ့သည်။

ယခုကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော်အတွက်နိုင်ငံခြားဝင်ငွေရရှိရန်၊ နိုင်ငံသားများအတွက် စီးပွားရေးအကျိုး ဖြစ်ထွန်းမှု များရရှိစေရန်နှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် မြန်မာ့ကျောက်မျက် ရတနာပြပွဲဗဟိုကော်မတီ၏စီစဉ်မှုဖြင့် အောက်တိုဘာ ၂၀ ရက်မှ ၂၈ ရက်အထိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်းသိရသည်။