“e-Government Awareness” သင်တန်းဖွင့်လှစ်

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန(ရုံးအမှတ်-၁၉) သင်တန်း ခန်းမ၌ ကျင်းပပြုလုပ်သည့် “e-Government Awareness” သင်တန်း ဖွင့်လှစ်ခြင်း အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မတ်လ (၄)ရက်နေ့ နံနက် ၈:၃၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။ 

အဆိုပါသင်တန်းသို့ ဦးစီးဌာန/လုပ်ငန်းများမှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း ၁၈ ဦး တက်ရောက်သင်ကြားကြမည်ဖြစ်ပြီး သင်တန်းအား ၄-၃-၂၀၂၄ ရက်နေ့မှ ၈-၃-၂၀၂၄ ရက်နေ့ အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။