ကချင်ပြည်နယ်၊ လုံးခင်း-ဖားကန့် ရတနာနယ်မြေတွင် လွန်ခဲ့သောရက်များက (၂) တန်ကျော်ခန့် ကြီးမားသော ကျောက်ရိုင်းတုံး (၂)တုံးကို ထုတ်လုပ်ရရှိခဲ့ခြင်း

မြန်မာ့ကျောက်မျက်ရတနာဥပဒေအရ ကျောက်မျက်ရတနာစီးပွားဖြစ် ထုတ်လုပ်နိုင်သည့် ဒေသများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်ခဲ့သော ရတနာနယ်မြေ (၅)ခုရှိပါသည်။

ကျောက်မျက်တူးဖော်ထုတ်လုပ်နိုင်သော ရတနာနယ်မြေ (၂)ခုရှိပြီး မိုးကုတ်နှင့် မိုင်းရှူးရတနာ နယ်မြေတို့ဖြစ်ပါသည်။

ကျောက်စိမ်းတူးဖော်ထုတ်လုပ်နိုင်သော ရတနာနယ်မြေ (၃)ခုရှိပြီး လုံးခင်း-ဖားကန့်၊ မော်လူး-မော်ဟန် နှင့်ခန္တီးရတနာမြေတို့ဖြစ်ပါသည်။

၎င်းရတနာနယ်မြေ (၅)ခုအနက်မှ လုံးခင်း-ဖားကန့်ရတနာနယ်မြေတွင် လွန်ခဲ့သောရက်များက (၂)တန်ကျော်ခန့်ကြီးမားသော ကျောက်ရိုင်းတုံး (၂)တုံးကို ထုတ်လုပ်ရရှိခဲ့ပြီး သက်ဆိုင်သည့်ဌာနများမှ ကိုယ်စားလှယ်များပါဝင်သောအဖွဲ့ဖြင့် စစ်ဆေးပြီး နိုင်ငံပိုင်အဖြစ် သိမ်းဆည်းခဲ့ပါသည်။

(၁၃.၁၀.၂၀၂၀) ရက်နေ့က ဝှေခါမှော်ရှိ သက်တမ်းကုန်လုပ်ကွက်အတွင်းမှ ထုတ်လုပ်ရရှိသော ကျောက်ရိုင်းတုံးမှာ အလေးချိန် (၂၀၅၀) ကီလိုဂရမ်ရှိပြီး (မျက်မြင်စစ်ဆေးချက်အရ) ပလွမ်ရော ကျောက်ရိုင်းတုံးဖြစ်နေသဖြင့် သုတေသနဓာတ်ခွဲ စစ်ဆေးခဲ့ရာ ပလွမ်ကျောက်ရိုင်းတုံးဖြစ်ကြောင်း တွေ့ရှိရပါသည်။ (ပုံ-၁)

(၁၆.၁၀.၂၀၂၀) ရက်နေ့က မက်လင်ချောင်မှော်ရှိ သက်တမ်းကုန်လုပ်ကွက်အတွင်းမှ ထုတ်လုပ်ရရှိသော ကျောက်ရိုင်းတုံးမှာ အလေးချိန် (၂၆၆၅) ကီလိုဂရမ်ရှိပြိး အသားကျောက် (ဒီအဆင့်ရှိ) ကျောက်စိမ်းရိုင်းတုံးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။ (ပုံ-၂)