ဝန်ထမ်းများ အရည်အချင်းတိုးတက် မြင့်မားရေးစာမေးပွဲနှင့် ကွန်ပျူတာအရည်အချင်းစစ် စာမေးပွဲများကျင်းပ မြစ်ကြီး နား

မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းသည် ဝန်ထမ်းများ အရည်အချင်းတိုးတက် မြင့်မားရေးစာမေးပွဲနှင့် ကွန်ပျူတာအရည်အချင်းစစ် စာမေးပွဲများကို ၂၁.၇.၂၀၂၀ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(မြစ်ကြီးနား)ခန်းမ၌လည်းကောင်း၊ ၂၇.၇.၂၀၂၀ ရက်နေ့တွင် နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမ၌လည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
ယနေ့တွင် ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(မြစ်ကြီးနား)ခန်းမ၌ လုံးခင်း၊ ဖားကန့်တူးဖော်ရေးဌာနနှင့် မြစ်ကြီးနားစခန်းရုံး၊ မိုးညှင်းစခန်းရုံးများမှ ဝန်ထမ်းများသည် (၀၉:၀၀)နာရီမှစတင်၍ အရည်အချင်းတိုးတက်မြင့်မာရေးစာမေးပွဲနှင့် ကွန်ပျူတာအရည်အချင်းစစ်စာမေးပွဲများကို ဖြေဆိုခဲ့ကြပါသည်။
အဆိုပါစာမေးပွဲများ ကျင်းပမှုကို မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း စာမေးပွဲကျင်းပမှု ကြီးကြပ်ကွပ်ကဲရေးအဖွဲ့နှင့် စာမေးပွဲခန်း ကြီးကြပ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများက ကြီးကြပ်ကွပ်ကဲခဲ့ကြပါသည်။