အဂတိလိုက်စားနိုင်ခြေအန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) များသည် ၉.၆.၂၀၂၀ ရက်နေ့တွင် အဂတိလိုက်စားနိုင်ခြေအန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း အလုပ်ရုံဆွေးနွေးပွဲကို Virtual Workshop on CRA ခေါင်းစဉ်ဖြင့် အွန်လိုင်းမှတစ်ဆင့် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) များ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အလုပ်ရုံဆွေးနွေးပွဲကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဦးဆောင်ပြီး ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP)နှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) တို့၏ ကျွမ်းကျင်မှုအကူအညီဖြင့် ၉.၆.၂၀၂၀ ရက်နေ့မှ ၁၂.၆.၂၀၂၀ ရက်နေ့ထိ အွန်လိုင်းမှတစ်ဆင့် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ဓာတ်ပုံ – ACC Myanmar