Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ တစ်ကိုယ်ရေရောဂါကာကွယ်ရေးဝတ်စုံများ (PPE)၊ စမ်းသပ် လက်အိတ်များ၊ မျက်နှာအကာများနှင့် အလှူငွေများလှူဒါန်း

ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ပျံ့နှံ့ဖြစ်ပွားလျက်ရှိသော Coronavirus Disease 2019 (COVID-19) ကြောင့် မြန်မာနိုင်ငံအတွင်း အဆိုပါရောဂါကို ကာကွယ်ထိန်းချုပ်ရေးနှင့် စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများအား ထိရောက်စွာ ကြီးကြပ်ဆောင်ရွက်မှုတွင် အသုံးပြုနိုင်ရန်အတွက် ဆေးပစ္စည်းများနှင့် အလှူငွေများကို Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် အလှူရှင်များက ၂၂.၄.၂၀၂၀ ရက်နေ့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌
အသီးသီးလှူဒါန်းခဲ့ကြပါသည်။
အဆိုပါ တစ်ကိုယ်ရေရောဂါကာကွယ်ရေးဝတ်စုံများ (PPE)၊ စမ်းသပ်လက်အိတ်များ၊ မျက်နှာအကာများနှင့် အလှူငွေများလှူဒါန်းပွဲသို့ ကျန်းမာရေးနှင့်အားစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့်အတူ သယံဇာတနှင့် သဘာ၀ပတ်၀န်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် (သတ္တုရေးရာ) ဦးမင်းမင်းဦး၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ ခေတ္တဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှကိုယ်စားလှယ်များ၊ အလှူရှင်များ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ လှူဒါန်းရသည့် အကြောင်းအရင်းကို
သယံဇာတနှင့် သဘာ၀ပတ်၀န်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် (သတ္တုရေးရာ) ဦးမင်းမင်းဦးက ရှင်းလင်း တင်ပြခဲ့ပါသည်။
ဆက်လက်၍ ကျန်းမာရေးနှင့်အားစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လှူဒါန်းမှုများနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အောက်ဖော်ပြပါ လှူဒါန်းမှုများအား လက်ခံခဲ့ပြီး ကျေးဇူးတင် ဂုဏ်ပြုလွှာများကို ပေးအပ်ခဲ့ပါသည် –
• မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီရန်ပုံငွေမှ အမေရိကန်ဒေါ်လာ (၁) သန်း၊
• ကံပွင့်ဦးသတ္ထုတူးဖော်ရေးကုမ္ပဏီလီမီတက်မှ တစ်ကိုယ်ရေရောဂါကာကွယ်ရေးဝတ်စုံ (PPE) (၃,၁၀၀) စုံ၊ စမ်းသပ်လက်အိတ် (၃,၀၀၀)နှင့် မျက်နှာအကာ (၃,၀၀၀)။
ကိုးကား။ ကျန်းမာရေးနှင့်အားစားဝန်ကြီးဌာန
ဓာတ်ပုံ – ကျန်းမာရေးနှင့်အားစားဝန်ကြီးဌာန