မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီက Corona virus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ အမေရိကန် ဒေါ်လာ(၁)သန်း လှူဒါန်း

ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ပျံ့နှံ့ဖြစ်ပွားလျက်ရှိသော Coronavirus Disease 2019 (COVID-19) ကြောင့် မြန်မာနိုင်ငံအတွင်း အဆိုပါရောဂါကို ကာကွယ်ထိန်းချုပ်ရေးနှင့် စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများအား ထိရောက်စွာ ကြီးကြပ်ဆောင်ရွက်မှုတွင် အသုံးပြုနိုင်ရန်အတွက် ပြပွဲဗဟိုကော်မတီ ရန်ပုံငွေမှ အမေရိကန်ဒေါ်လာ(၁)သန်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက ဖွဲ့စည်းခဲ့သည့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီသို့ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီက ၂၂.၄.၂၀၂၀ ရက်နေ့တွင် လှူဒါန်းခဲ့ပါသည်။