မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးမင်းသူ မြန်မာ့ကျောက်မျက်ရတနာပြတိုက်(နေပြည်တော်)ဝန်းအတွင်း သန့်ရှင်းသာယာလှပမှုရှိစေရေးအတွက် ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး နေပြည်တော် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်

 မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူသည် အထွေထွေမန်နေဂျာများဖြစ်ကြသည့် ဦးသက်ခိုင်၊ ဦးမင်းထွဋ်ဟန်တို့ လိုက်ပါလျက် ၂၈.၁.၂၀၂၁ ရက်နေ့ (၀၉:၄၅)နာရီတွင် မြန်မာ့ကျောက်မျက်ရတနာပြတိုက်(နေပြည်တော်)ဝန်းအတွင်း သန့်ရှင်းသာယာလှပမှုရှိစေရေးအတွက် ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းရပ်များအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။

          ရှင်းလင်းတင်ပြမှုများအပေါ် ဦးဆောင်ညွှန်ကြားရေးမှူးက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့်သန့်ရှင်းသာယာလှပစေရေး အမြဲအလေးထားဂရုပြုဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။