မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ သတင်း ကြေညာချက်

၁။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီသည် ၂၀၂၁ခုနှစ်၊ ပုလဲအတွဲများနှင့်ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့မှ (၁၀) ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

၂။        ကျောက်မျက်ရတနာရောင်းချပွဲသို့ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေ၊ နည်းဥပဒေနှင့်အညီ ခွင့်ပြုမိန့်ရရှိသူနှင့် လိုင်စင်ရရှိသူများ၊ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေနှင့်အညီ မှတ်ပုံတင်ထားသူများ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းဝင် နိုင်ငံသားများကို သတ်မှတ်ချက်များနှင့် အညီ ရောင်းချပွဲသို့ တက်ရောက်ခွင့်ပြုမည်ဖြစ်ပါသည်။

၃။        ရောင်းချပွဲသို့ တက်ရောက်လိုသော နိုင်ငံသားရတနာကုန်သည်များကို ၂၀၂၁ ခုနှစ်၊ မတ်လ (၂၄)ရက်နေ့မှစ၍ ရောင်းချပွဲတက်ရောက်ဝယ်ယူခွင့်အတွက် နေပြည်တော်၊ မဏိရတနာကျောက်စိမ်း ခန်းမတွင် ရတနာကုန်သည် မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

၄။        ၂၀၂၁ ခုနှစ်၊ ပုလဲအတွဲများနှင့်ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ တက်ရောက် ဝယ်ယူခွင့်ကိစ္စများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီ၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းရုံးချုပ်(နေပြည်တော်)တွင် ဆက်သွယ်စုံစမ်းနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။

မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ