နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့များအတွက် စားသောက်ဖွယ်ရာများ လာရောက်ပေးအပ်

နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိ သော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်၊ အလှူရှင်များက စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။

ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများ ပေးအပ်ခြင်းကို နေပြည်တော် တိုင်းစစ်ဌာနချုပ်ရှိ ပေါင်းလောင်းရိပ်သာ၌ ပြုလုပ်ရာ တိုင်းမှူးဗိုလ်ချုပ် စောသန်းလှိုင်နှင့် တာဝန်ရှိသူများ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစု များက ပေးအပ်လှူဒါန်းသည့် ငွေကျပ် သိန်း ၁၀၀ ကျော် တန်ဖိုးရှိ စားသောက်ဖွယ်ရာများကို တိုင်းမှူးထံ ဂုဏ်ပြုပေးအပ်သည်။ ထို့နောက် တိုင်းမှူးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။