အသိပေးအကြောင်းကြားခြင်း

ကျောက်မျက်ရတနာအချောထည်နှင့် ရုပ်တုရုပ်ထွင်းပြုလုပ်ခြင်းလုပ်ငန်းလိုင်စင်၊ ကျောက်မျက်ရတနာအရိုင်း၊ အချောများ ရောင်းဝယ်ခြင်းလုပ်ငန်းလိုင်စင် ရယူထားသည့် လုပ်ငန်းရှင်များအနေဖြင့် သက်တမ်းတိုး ဆောင်ရွက်ရန် ပျက်ကွက်လျက်ရှိသည့် (၃ နှစ်အတွင်းရှိ) လုပ်ငန်းလိုင်စင်များကို (၃)နှစ်ဒဏ်ကြေးဖြင့် သက်တမ်းတိုးဆောင်ရွက်ခွင့်ပြုရန် တင်ပြမှုများအား ၃၁-၃-၂၀၂၄ ရက်နေ့အထိသာ လက်ခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

သက်တမ်းတိုးရန် ပျက်ကွက်လျက်ရှိသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ် မတ်လအတွင်း သက်တမ်းကုန်ဆုံးသည့် လုပ်ငန်းလိုင်စင်များစာရင်းကို အောက်ပါအတိုင်း အသိပေးကြေညာအပ်ပါသည်။