မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းနှင့် Natural Resources Governance Institute (NRGI) အဖွဲ့တို့က သဘာဝသယံဇာတစီမံအုပ်ချုပ်မှုညွှန်း ကိန်း လေ့လာအကဲဖြတ်မှုအစီရင်ခံစာ ထုတ်ပြန်မှုနှင့် ပတ်သက်၍ Virtual ဆွေးနွေးပွဲတစ်ခုကို Zoom Application ဖြင့် ပြုလုပ်

မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းနှင့် Natural Resources Governance Institute (NRGI)အဖွဲ့တို့က ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ(၈)ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် ၂၀၂၀ ပြည့်နှစ်၊(ကြားဖြတ်) သဘာဝသယံဇာတစီမံအုပ်ချုပ်မှုညွှန်းကိန်း လေ့လာအကဲဖြတ်မှုအစီရင်ခံစာ ထုတ်ပြန်မှုနှင့်ပတ်သက်၍ Virtual ဆွေးနွေးပွဲတစ်ခုကို Zoom Application ဖြင့် ပြုလုပ်ခဲ့ပါသည်။
Natural Resources Governance Institute (NRGI) က ထုတ်ပြန်သော သဘာဝသယံဇာတစီမံအုပ်ချုပ် မှုညွှန်းကိန်း လေ့လာအကဲဖြတ်မှုအစီရင်ခံစာများတွင် သယံဇာတထုတ်လုပ်သည့် တိုင်းပြည်များမှ သယံဇာတ အုပ်ချုပ်မှုစွမ်းရည်များကို သတ်မှတ်စံနှုန်းများဖြင့် ဆန်းစစ်အကဲဖြတ်ပြီး ရရှိသည့်အဆင့်သတ်မှတ်ချက်များကို ဖော်ပြထားပါသည်။
မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းသည် သဘာဝသယံဇာတစီမံအုပ်ချုပ်မှုညွှန်းကိန်း(RGI) ရမှတ်အနေဖြင့် ၂၀၁၇ ခုနှစ်၊ဆန်းစစ်ချက်တွင် ၁၆ မှတ်သာရရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ ကြားဖြတ်ဆန်းစစ်ချက်တွင် ၆၁ မှတ်ရရခဲ့သဖြင့် အဆင့်သတ်မှတ်ချက်များဖြစ်သည့် “ကောင်းမွန်”၊ “ကျေနပ်ဖွယ်” ၊ “အားနည်း” ၊ “ညံ့ဖျင်း”၊ “ကျရှုံး” တို့အနက် “ကျေနပ်ဖွယ်” အဆင့်ရခဲ့ကြောင်းနှင့် ၂၀၁၇ ခုနှစ်ထက် သိသိသာသာ တိုးတက်လာခဲ့ ကြောင်း NRGI က ဆွေးနွေးခဲ့ပါသည်။
မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးက သဘာဝသယံ ဇာတစီမံအုပ်ချုပ်မှုညွှန်းကိန်း (RGI)၊ ရမှတ်များ ပိုမိုကောင်းမွန်တိုးတက်လာစေရန်အတွက် ဌာနအနေဖြင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။