သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း နေပြည်တော်၊ ဒက္ခိဏ သီရိမြို့နယ်၊ (၅)ဧက ကျောက်စိမ်းသိုလှောင်ရုံနှင့် (၁၅) ဧက ကျောက်စိမ်းသိုလှောင်ရုံများသို့ လာရောက်ကြည့်ရှုစစ်ဆေး

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ အမြဲတမ်းအတွင်းဝန်(သတ္တုရေးရာ) ဦးမင်းမင်းဦး၊ သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်လတ်ကြီး၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသက်တင်ညွန့်၊ အမှတ် (၁) သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာသိန်းစိုး၊ အမှတ် (၂) သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးဇော်တို့နှင့်အတူ ၂၁.၁၁.၂၀၂၀ ရက်နေ့ (၁၂:၀၀)နာရီတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ (၅)ဧက ကျောက်စိမ်းသိုလှောင်ရုံနှင့် (၁၅) ဧက ကျောက်စိမ်းသိုလှောင်ရုံများသို့ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီး ကျောက်စိမ်းသိုလှောင်ရုံများတွင် ကျောက်စိမ်းရိုင်းများ သိုလှောင်ထားရှိမှု အခြေအနေများကို လိုက်လံရှင်းလင်းပြသခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးက ကျောက်စိမ်းသိုလှောင်ရုံများတွင် သိုလှောင်ထားရှိသည့် ကျောက်စိမ်းရိုင်းများ လေလွှင့်ပပျောက်မှု မရှိစေရေး၊ စနစ်တကျထိန်းသိမ်းထားရှိရေးကို လုပ်ထုံးလုပ်နည်းများနှင့်အညီ အထူးဂရုပြု ကြပ်မတ်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။