ရွှေကြာပင်ကျောက်မျက်နှင့် လက်ဝတ်ရတနာ သက်မွေးမှု နည်းပညာသင်တန်းကျောင်း (နေပြည်တော်) တွင် အသုံးပြုမည့် သင်ရိုးညွှန်းတမ်းများ ရေးဆွဲနိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ရွှေကြာပင် ကျောက်မျက်နှင့် လက်ဝတ်ရတနာ သက်မွေးမှု နည်းပညာသင်တန်းကျောင်း (နေပြည်တော်)တွင် အသုံးပြုမည့် သင်ရိုးညွှန်းတမ်းများ ရေးဆွဲနိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကို ၁၅.၈.၂၀၂၀ ရက်နေ့ (၀၉:၀၀)နာရီတွင် နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာနှင့် ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ မြို့နယ်အသင်းခွဲများမှ ကိုယ်စားလှယ်များ၊ ASK Consultancy Services မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက နှုတ်ခွန်းဆက် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာက အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကို အစီအစဉ်အလိုက်ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် စကားဝိုင်းဆွေးနွေးပွဲများ ကျင်းပပြုလုပ်၍ ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
အဆိုပါ စကားဝိုင်းဆွေးနွေးပွဲများအလိုက် ရရှိလာသည့် ရလဒ်ကောက်နုတ်ချက်များကို ASK Consultancy Services မှ တာဝန်ရှိသူက ရှင်းလင်းဖတ်ကြားတင်ပြခဲ့ပြီး မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ (၃) ဒေါက်တာအောင်ကျော်ဝင်းက နိဂုံးချုပ်အမှာစကားပြောကြားကာ အလုပ်ရုံဆွေးနွေးပွဲကို (၁၆:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
ဓာတ်ပုံ – မြန်မာ့ကျောက်မျက်